arc(3.4)

240 26 1
                                    

Unicode............

   ဟန်စစ် မား နဲ့အတူ shopping ထွက်လာခဲ့
သည် စျေးဝယ်ပြီးတာနဲ့ နေ့လယ်စာပါတစ်ခါ
တည်းစားဖို့ပြင်ဆင်နေလိုက်သည်

   ဟန်စစ်အမေ ကုချင်းဟန်ကအသက်40 ကျော်
လို့တောင် ထင်ရက်စရာမရှိပေ သားအမိထက်
မောင်နှမလို့ပြောရင် ယုံနိုင်လောက်အောင်အ
ရွယ်တင်သည်

    "ဟန်လေး ဘာလိုသေးလဲ ကြည့်လိုက်အုန်း
လိုသေးရင်ထပ်မှာနော် ''

    "ဘုရင့်ပွဲတော်တောင်အရူံးပေးရတော့မယ်
မမှာတော့ဘူး အစ်မချင်းဟန် ''

   "ဒီကောင်လေးကတော့လေ စား စား အိမ်
မှာလိုတော့မဟုတ်ပေမယ့် ဟန်လေးကြိုက်မှာ
ပါ နောက်မှ အိမ်မှာလာစား ဟန်လေးအကြိုက်
အကုန်ချက်ထားပေးမယ် ဟုတ်ပြီလား ''

"ဟုတ်ကဲ့ ကျေးဇူးပါ အစ်မချင်းဟန် ''

ဟန်စစ်က အများရှေ့မှာသာ အေးစက်စက်နေ
တတ်ပေမယ့် ကုချင်းဟန်ရှေ့ဆို ကလေးတစ်
ယောက်လို စနောက်တတ်ပေ

   " ဒီကအစ်ကိုက ကုဟန်စစ်ပါလားခင်ဗျာ ''

"ဟုတ်ပါတယ် ဘာကိစ္စပါလဲ ''

ဟန်စစ် တို့နေလယ်စာ စားနေတုန်း ဝိတ်တာ
ကောင်လေးတစ်ယောက်က သူ့အားမေးလာ
သည်မို့ စကားပြန်ပြောလိုက်သည်

"အော် ဟုကဲ့ ဒီကအစ်ကိုလေး လူတစ်ယောက်
က ဒီပစ္စည်းလေးပေးခိုင်းလိုက်လို့ပါ ''

နှင်းဆီပန်းအဖြူလေးရယ် ရွေရောင်ပို့စကပ်
လေးတစ်ခုရယ်ကြောင့် နည်းနည်းတော့အံသြ
သွားခဲ့ရသည်

~~ မင်းလေးသိပ်မပြုံးပါနဲ့လားကွာ မင်းလေး
အပြုံးတွေကသိပ်လှလို့ ကိုယ်တစ်ယောက်ထဲ
အတွက်ပဲဖြစ်စေချင်မိသည် ဒါနဲ့ ဒီနေ့မင်းလေး
သိပ်လှနေတယ် အပိုင်သိမ်းထားပစ်ချင်လောက်
အောင်ကိုပဲ မောင့်အချစ် အရမ်းလှနေတယ်~~

ဟန်စစ် စာကိုဖတ်ပြီးပြီချင်း ဘေးကိုအလျှင်အ
မြန်ကြည့်လိုက်ပေမယ့် ထူးခြားတာမတွေ့ပေ
သေချာပေါက် ဒီစာနဲ့ပန်းပေးတဲ့သူဟာ မောင်
ဖြစ်နေလိမ့်မယ်လို့ သူ့ထင်တယ်

"အားရိုး ငါတို့ဟန်လေးက ပိုးပန်းခြင်းခံနေရ
တာပဲ ရိုမန်တစ်ဆန်လိုက်တာနော် ပြောစမ်း
ဘယ်သူလဲ ဟန်လေး ''

System GG { bl }Hikayelerin yaşadığı yer. Şimdi keşfedin