arc (2.4 )

309 28 1
                                    

    Unicode..............

           "ကိုယ်ရံတော်လေးရောက်လာပြီလား ခင်
          ဗျ ကျွန်တော်ကမျှော်နေတာ ''

         "အော် ဟုကဲ့ပါဗျ ''

         "အရင်ဆုံး အထဲကြွပါခင်ဗျ ''

    ရှလင် လည်းမြို့တော်ဝန်နောက်လိုက်သွားခဲ့သည်
    မြို့တော်ဝန်က တောက်တောက်ပြောင်ပြောင်အ
    ဝတ်အစားတွေအပြင် သူရဲ့ဖောနေတဲ့ဗိုက်ကြီး
   ကတောင် 9လ လောက်ရှိနေနိုင်သည်။

       "ထိုင်ပါ ဟေ့ ကိုယ်ရံတော်လေးအတွက် ဧည်ခံ
       ဖို့ယူလာခဲ့ကြစမ်း ''

      "ရပါတယ် အရင်ဆုံးရောဂါအခြေအနေလေးပဲ
       ပြောကြတာပေါ့ မြို့ထဲမှာလူမရှိသလိုပဲနော် ''

     "ဟုတ်တယ် ကျွန်တော်ကရောဂါပိုးကူးခံထားရ
      တဲ့သူတွေကို ကုသဖို့ ရွာအပြင်တစ်နေရာမှာပြင်
      ဆင်ပေးထားပါတယ် မြို့ထဲမှာနေရင် ကျန်တဲ့သူ
     တွေပါကူးကုန်မှာဆိုးလို့လေ ''

     "အော် ဒါဆို အထောက်အပံ့တွေကြတော့ရော
      ဘယ်လိုစီစင်ပေးထားလဲ ''

    "ဒါကတော့ ကျွန်တော်က ယုံကြည်ရတဲ့လူတစ်
     ချို့ကိုသွားပြီး ပို့ခိုင်းလိုက်ပါတယ် အကုန်လုံးသူ
     တို့ကိုပဲပေးတာပါ ဒါပေမယ့် ရောဂါပိုးကပိုဆိုး
    လာတယ်လေ ကျွန်တော်လည်းမတတ်နိုင်တော့
    ဘူး ဒါကြောင့် အကူအညီတောင်းရတာပါ ''

   ရှလင်တာ ကြိုမသိထားရင် ရှေ့ကမြို့တော်ဝန်က
   လူကြီးလူကောင်းလို့တောင်ထင်နိုင်တယ်။အပြော
   ကတော့ ချိုသာတာပဲ။ ဒါကြောင့် စုံစမ်းဖို့ခက်နေ
    တာကိုး ''

    "သခင်ကြီး!''

    "ဘာဖြစ်လာပြန်တာလဲ ဒီမှာ ကိုယ်ရံတော် လင်
     နဲ့စကားပြောနေတာ မနှောက်ယှက်ပါနဲ့ပြောထား
     တာကို အခုဘာဖြစ်လာကြတာလဲ ''

    "ဟို.....ဟို ''

    "ဘာဖြစ်နေတာလဲ ဒီမှာပဲပြော ''

    "ဟို ရှေ့မှာ ရောဂါသည်တွေရောက်နေကြပါတယ်
    သူတို့က မြို့တော်ကလာတဲ့သူနဲ့တွေ့ချင်တယ်လို့
    ပြောနေကြပါတယ် သခင်ကြီး ''

System GG { bl }Where stories live. Discover now