arc (1.3)

504 47 1
                                    

Unicode ............

တစ်ဖက်က အေးစက်နေတဲ့ရုံးခန်းထဲတွင်တော့ အ
နွေးဓာတ်တွေ ထုတ်လွှတ်ပေးလျက်ရှိနေသည်။

Ceoရဲ့ထိုင်ခုံမှာထိုင်နေပြီး ရှေ့စားပွဲခုံပေါ်ကလူ
တစ်ယောက်ရဲ့ အချက်အလက်အစုံရှိနေပေသည်။
ထိုထိုင်ခုံပေါ်က သူ့ရဲ့နုှတ်ခမ်းပါးဟာလည်းပြုံးနေ
တော့သည်။

ထိုသူကတော့ TK group ပိုင်ရှင် ceo kim taehyung ဖြစ်သည်။ လွန်ခဲ့သောတစ်ပတ်ကသူ့
အပိုင် mall ကိုဝင်စစ်နေတုန်း အမှတ်မထင်mall
ထဲသို့ဝင်လာသော အဖြူရောင်နတ်သားလေးပင်။

ဘောဒီကပ်တွေရဲ့အရှေ့တွင် ကြောင်ဖြူကိုဖက်ကာ
ဝင်လာတဲ့ပုံက ချစ်စရာကောင်းသည်။သူ့လည်းစစ်
စရာရှိနေသေးလို့ ထွက်သွားခဲ့ရသည်။သိပ်မကြာပါ
သူထိုင်နေသော ဆိုင်လေးအတွင်းဝင်လာခဲ့တော့
သည်။အစားအသောက်တွေမြင်လိုက်တာနဲ့အရောင်
လက်သွားတဲ့မျက်ဝန်းလေးတွေမြင်လိုက်ရသည်။

သူ့ကြည့်နေတုန်း မကြာခင်မှာပဲ ချပေးသမျှကိုပါး
ဖောင်းဖောင်းလေးတွေထဲ ထိုသွင်းတော့သည်။
ဟက် ဝက်ကလေးပဲ။စားသောက်ပြီးတာနဲ့ဗိုက်က
လေးပွတ်ကာ ဝိတ်တာလေးကိုခေါ်လိုက်တော့သည်
သူထင်တာက အစားများသွားလို့အဆင်မပြေဘူးပေါ့
ဘယ်ဟုတ်မလဲ အစားကြူးတဲ့ဝက်ကလေးကတော့
Banana milk ကိုတောင်ထပ်သောက်ပစ်လိုက်သေး
သည်။ထိုပုံစံက အေးစက်စက်သူနှလုံးသားကိုအပူ
ပေးလိုက်သလိုပင်။

ဒါကြောင့် ဝက်ကလေးအကြောင်းကို စုံစမ်းခိုင်းလိုက်
ခြင်းဖြစ်သည်။အခုသူရှေ့မှာတော့ ဝက်ကလေးအ
ကြောင်းအပြည့်အစုံရောက်နေလေသည်။

"နာမည်....ဂျွန်ဂျောင်ကူး
အသက်....13နှစ်
ဂျွန် group ရဲ့ဆက်ခံသူ ''

အစကနွေးထွေးလာသော ရုံးခန်းအတွင်း ရုတ်တရက် အအေးခန်းရောက်သွားသလိုပင်။

ထယ်ယောငး်ဝက်ကလေးအကြောင်းဖက်နေတုန်း
ဝက်ကလေးအား သူ့မိထွေးနဲ့သမီးကအနိုင်ကျင့်
သည်ဟုမြင်လိုက်ရသောအခါ သူဒေါသတွေထွက်
လာရတော့သည်။

"ဒေါက်......ဒေါက်.....ဒေါက် ''

"ဝင်ခဲ့ ''

အတွင်းရေးမှူးဖြစ်သူမှာ သူ့ boss ရဲ့ အသံကိုကြား
ပြီး ဒူးတွေတောင်ခွေကြချင်သွားသည်။

System GG { bl }Where stories live. Discover now