arc(3.6)

265 29 1
                                    

Unicode.............

အိန်ဂျယ်ငယ်ငယ်လေးထဲက ကိုကို ကိုတစ်
ဖက်သတ်ချစ်မိနေတာဖြစ်သည် ဒါပေမယ့်
ကိုကို က သူမဟုတ်တဲ့တခြားသူကိုသဘော
ကျနေမှန်းသိခဲ့ရသည်

ကိုယ်ချစ်တဲ့သူကတစ်ခြားတစ်ယောက်ကို
ချစ်နေတာသိရတော့ စိတ်ထိခိုက်မိပေမယ့်
ကိုကို ပျော်နေတာလေးကိုပဲ သူမြင်ချင်
သည်လေ အဝေးကနေပဲဖစ်ဖြစ် ကိုကို
ပျော်နေတာမြင်ရလည်း အိန်ဂျယ်ကျေနပ်
နေမှာပါ

တစ်ခုပဲ သူကြိုးစားကြည့်ချင်သေးသည်
ရလဒ်ကဘာပဲဖစ်လာလာ သူကြိုးစား
ကြည့်ချင်သေးသည် ဒါကြောင့် daddy
ပြောတဲ့ အစ်ကိုချင်းယွမ်နဲ့ မဂ်လာကိစ္စ
ကိုသူပြတ်ပြတ်သားသားငြင်းဆိုခဲ့တာ
ဖြစ်သည်

အိန်ဂျယ်ကအစ်ကိုချင်းယွမ်က်ုအစ်ကိုတစ်
ယောက်လိုသာ မြင်သည် သူမျက်လုံးထဲ
ငယ်ငယ်က သူ့ခေါင်းလေးကိုပုတ်တတ်တဲ့
ကိုကို ဟန်စစ် ကိုပဲ ချစ်မိနေတာဖြစ်သည်

ကိုကို လို့မူပိုင်ခေါ်ချင်သော်လည်း ရိပ်မိ
သွားခဲ့ရင်ဆိုတဲ့အတွေးလေးကြောင့် ကိုကို
ဟန်စစ်လို့သာခေါ်ခဲ့ရသည် သူသိပါတယ်
ကိုကိုက သူ့အပေါ်ညီမလေးတစ်ယောက်
လိုသာ သဘောထားမှန်း

နေ့လယ်ကအကြောင်းပြန်တွေးမိတော့
သူမနာလိုမိပြန်သည် သာမန်လေးထောင့်
ဘူးလေးထဲက ပစ္စည်းတွေကိုကြည့်ပြီး
ပြုံးနေတဲ့ ကိုကို ရဲ့အပြုံးတွေဟာအသက်
ဝင်လွန်းလှသည်

ဘာကြောင့် ကိုကို ပြုံးနေတာလဲသိချင်လို့
လှမ်းကြည့်မိတော့ အသေးစိတ်ရိုက်ထား
တဲ့ ကိုကိုရဲ့ ဓာတ်ပုံတွေပင် သူမသိလိုက်ခင်
မှာပဲ ထိုသူကိုအရမ်းမနာလိုမိသည်

ထိုသူက ကိုကို အသေးစိတ်ကအစအလေး
ထားမှန်းသူသိလိုက်သည် ဒါပေမယ့်သူ
လက်မလျော့ချင်သေးဘူး အနည်းဆုံး
တော့ သူချစ်နေတာ ကိုကို သိအောင်
ပြောပြချင်သေးသည်လေ

^ဒါဆို ဗီလိန်လေးက ဟန်စစ်ကိုချစ်နေတာ
ပေါ့ ^

^ဟုတ်ပါတယ် host အရင်ဇာတ်လမ်းပြန်
ကြည့်ရင် ဟန်စစ် သေတာ ဇာတ်လိုက်တို့
ကြောင့်ထင်ပြီး လိုက်နှောက်ယှက်ခဲ့တာ
ပါ ဒီဗီလိန်ဇာတ်ကောင်လေးကြောင့် ဇာတ်
လိုက်တ်ု့တော်တော်လေးအခြေအနေဆိုး
သွားခဲ့ရသေးတယ် ပြီးတော့ သူကနောက်
ဆုံး လျှိုဝှက်ကိုတောင်သိသွားခဲ့ရသေးတယ်''

System GG { bl }Where stories live. Discover now