3. (ကုဟန်စစ်)

309 24 1
                                    

Unicode............

  ဒီကမ္ဘာကတော့ ရဲ့ဇာတ်ကြောင်းကတော့နည်း
နည်းရုပ်ထွေးပါတယ်။

ဇာတ်လိုက်နာမည်က ချန်ချင်းယွမ် ဖြစ်ပြီး
ဇာတ်လိုက်မကတော့ လီလုလုဖြစ်သည်။သူအခု
ဝင်ထားတဲ့ကိုယ်က ဇာတ်လိုက်နဲ့အဖေတူအမေကွဲ
ကုဟန်စစ်ဖြစ်သည်။

ဇာတ်လမ်းလေးကတော့ car accident ကြောင့်
အောက်ပိုင်းသေသွားခဲ့ရတဲ့ ဇာတ်လိုက်ကြီးကို
သူနာပြုဆရာမလေး လီလုလုကကူညီပေးရင်း
ချစ်ကြိုက်ပြီးနောက်ဆုံးလက်ထက်သွားကြခြင်း
ဖြစ်သည်။

ဇာတ်လမ်းကရိုးရှင်းတယ်လို့ထင်ရပေမယ့်တကယ်
တော့မဟုတ်ပါဘူး။ဇာတ်လိုက်ကိုလမ်းပြန်လျှောက်
နိုင်အောင်အစစအရာရာပြုစုပေးခဲ့သူမှာ လီလုလု
သာဖြစ်ပြီး နောက်ဆုံးဇာတ်လိုက်နဲ့လက်ထက်သွား
သူက ဇာတ်လိုက်မရဲ့အမွှာညီမ ယွီလုလုသာဖြစ်
သည်။ရုပ်ရည် အသံ အမူအရာ တစ်ခုချင်းစီကအ
စတူနေကြတဲ့သူတွေမို့ ဇာတ်လိုက်ကလည်းသူချစ်
သူလီလုလုအထင်နဲ့လက်ထက်လိုက်ခြင်းဖြစ်သည်

တကယ်တော့ ယွီလုလုဟာ လောင်းကစားနဲ့ဆေး
စွဲနေရသူဖြစ်သည်။ကာစီနိုပိုင်တဲ့သူ​​ေဌ​ကြီးတစ်
ဦးစီမှာငွေကြေးအမြောက်အများတင်နေခြင်းဖြစ်
သည်။ဒါကိုထွက်ပေါက်ရှာရင်း သူ့အစ်မရဲ့အလုပ်
ရှင် ဇာတ်လိုက်ကိုသဘောကျသွားခဲ့ရကနေသူ့အစ်
မကိုထိုသူဌေးကြီးထံထိုးကျွေးကာသူကတော့သူ
အစ်မနေရာယူပြီးဇာတ်လိုက်နဲ့အတူပျော်ရွင်စွာနေ
ထိုင်သွားကြသည်။

သူဝင်ထားတဲ့ကိုယ်က ဇာတ်လိုက်နဲ့အဖေတူအ
မေကွဲ ကုဟန်စစ်ဖြစ်သည်။ ကုဟန်စစ်အဖေနဲ့အ
မေဟာချစ်လို့လက်ထက်ခဲ့ကြပေမယ့် အိမ်ထောင်
သက်ကြာတဲ့အထိသားသမီးရမလာတာကြောင့်
ကုဟန်စစ်အဖေဟာ အပြင်မှာခြေရှုပ်မိရင်း ဇာတ်
လိုက်အမေ မုကွမ်းနဲ့မှားမိခဲ့ရာကနေ ဇာတ်လိုက်ကို
ရခဲ့ခြင်းဖြစ်သည်။မုကွမ်းဟာတစ်ခြားသူမဟုတ်
ဟန်စစ်အဖေ ချန်ချင်းသွမ်ရဲ့အတွင်းရေးမှူးလည်း
ဖြစ်သည်။

နောက်ဆုံး ဇာတ်လိုက်ကိုယ်ဝန်အမေနဲ့ ချန်ချင်း
သွမ်တို့အကြောင်း ဟန်စစ်အမေ ကုချင်းဟန်သိ
သွားခဲ့တော့သည်။ဟန်စစ်အမေ ကုချင်းဟန်က
မိန်းမသားပေမယ့် မာနကြီးပြီးထက်မြတ်ပေသည်။
ဘိုးဘွားအစဥ်အဆက် ကုပ္မဏီကြီးကိုတောင်တစ်
ယောက်ထဲ အုပ်ချုပ်နေတဲ့သူပီပီ မုကွမ်းရဲ့အကြံ
ကိုလည်းရိပ်စားမိတာကြောင့် ဟန်စစ်အဖေ ချန်
ချင်းသွမ်းကို ပြောပြခဲ့ပေမယ့်လက်မခံခဲ့တာ
ကြောင့် နောက်ဆုံးကွာရှင်းပြတ်စဲခဲ့သည်။

System GG { bl }Where stories live. Discover now