arc (2.6)

310 27 1
                                    

Unicode...........

      "အခုချိန်ထိ လင်မဆက်သွယ်သေးဘူးလား ''

      "ဟုတ်ကဲ့အရှင် ''

     "လင်သွားတာ 1လပြည့်တော့မယ် အခုချိန်ထိ
     ဘာသတင်းမှမရတဲ့အပြင် လင်းနဲ့လည်းအဆက်
    အသွယ်ပြတ်သွားတာကြာပြီ 1နဲ့3 "

    "ရှိပါတယ်အရှင် ''

    "အခုချက်ချင်း လင်နဲ့ လင်းကိုရှာဖွေပါ ''

    "ဟုတ်ကဲ့ ''

   အမိန့်ရပြီးတာနဲ့ 1နဲ့3ဟာအမြန်ပင် ထွက်ခွာသွား
   တော့သည်။1နဲ့3ဟာအတိုက်အခိုက်မတော်ပေ
   မယ့် ကိုယ်ဖော့ပညာကတော့လေနဲ့အရိပ်လိုပင်။

     "ဟင်းး~~ "

   တစ်ခါမှသက်ပြင်းမချဘူးတဲ့အရှင်ကြောင့်ကုန်း
   ကုန်းကြီးကတောင်အံသြနေလေသည်။

    /အဆိုးလေး မင်းအဆင်ပြေရဲ့လား ဘယ်တွေ
     များရောက်နေတာလဲကွာ ဒီတစ်ခါပြန်တွေ့ရင်
     ကိုယ်အနားကနေထွက်သွားဖို့မစဥ်းစားရတော့
     ဘူး ထွက်မပြေးရင်သော့ခတ်ထားမယ် /

   သူ ဘုရင်မဖြစ်ခင်ထဲက လင်ကိုသိပြီသားဖြစ်
   သည်။ ရှလင် မှန်းလည်းသိသည်။အဆိုးလေးက
   တော့သူကိုသိပုံမရပေ။အဆိုးလေးအကြောင်း 2
  ပြောတုန်းက တော်တော်ဒေါသထွက်ခဲ့ရသည်။

   ရှမျိုးရိုးတစ်ခုလုံးရှင်းခံလိုက်ရပေမယ့် အဆိုး
  လေးအသက်ရှင်ခဲ့လို့ဝမ်းသာခဲ့ရသည်။ အဆိုး
  လေးကအရင်လိုမဟုတ်တော့ပေမယ့် သူအတွက်
  တော့ ငယ်ငယ်ကလို ဝက်ပေါက်လေးတစ်ယောက်
  လိုသာမြင်နေမိသည်။ဒီနှစ်တွေအတွင်းကောင်း
  ကောင်းကြီးပျင်းလာခဲ့ပေးလို့ကျေးဇူးပါ။

  ဝက်ကလေးအတွက်အမှန်တရားကိုရှာတွေ့ဖို့
  ကောင်းတိုင်းပြည်ထဲကို 4နဲ့ 7ကိုလွတ်ထားခဲ့
  သည်။ အဆိုးလေးကတော့မသိခဲ့ပေ။အခုလည်း
  ရက်အကြီးသတင်းမရတာကြောင့် စိတ်ပူနေရ
  ခြင်းဖြစ်သည်။ဟူး အဆိုးလေးအတွက်နဲ့သူသက်
  ပြင်းချနေရတာခနခနပင်။

    တစ်ပတ်အကြာတွင် အစ်ကိုလင်းတစ်ယောက်
    နိုးလာခဲ့တော့သည်။ ဒဏ်ရာတွေကြောင့် 2လ
    လောက်အနားယူပြီးမှသိုင်းပြန်ချနိုင်မည်ဖြစ်
    တာကြောင့် ဟောက်ရန်တို့စီမှာပဲနေဖို့လုပ်လိုက်
    ရသည်။ဟောက်ရန်အဘိုးနဲ့လည်းအဆင်ပြေကာ
    သူ့အားမြေးအဖြစ်တောင် တပ်စုမှာကြေငြာချက်
    ထုတ်ပစ်ခဲ့ပြီး အရှေ့တိုင်းမင်းသားငယ်ဘွဲ့ပါပေး
   မည်လုပ်နေတာကြောင့်မနည်းတားလိုက်ရသေး
    သည်။

System GG { bl }Where stories live. Discover now