arc (2.9)

379 29 2
                                    

Unicode................

     " လူလေးကိုကျေးဇူးတင်ပါတယ်ကွယ် နို့မို့ဆို
    မြေးလေးဘဝ မတွေးရဲစရာ ''

   "ရပါတယ် အဘိုးအပန်းမကြီးပါဘူး ''

   "ကိုကို ကအရမ်းလှတာပဲနော် ''

   ရှလင် ကိုမြင်တော့ကလေးရဲ့အဘိုးက ကျေးဇူး
  တွေတင်နေတော့သည်။ထိုအချိန် သူအားလှတယ်
ဟုပြောလာတဲ့ ကလေးကြောင့် ရှလင်ပြုံးလိုက်မိ
သည်။ရှလင် ကလေးငယ်ရှေ့ ဒူးလေးတစ်ဖက်
ထောက်ကာစကားဆိုလိုက်သည်။

  "ကိုကိုကလှတယ်ပေါ့ ဟုတ်လား မီးမီးနာမည်
  ဘယ်လိုခေါ်လဲ ''

" ဘုံဘုံ မီးနာမည်ကဘုံဘုံပါ ကိုကိုနာမည်ကရော ''

"ကိုကိုလည်း လင် တဲ့မှတ်ထားနော် ''

"ဟုတ်ကဲ့ကိုကို ''

"ချစ်ဖို့ကောင်းလိုက်တာ မွ''

ရှလင်ချစ်ဖို့ကောင်းနေတဲ့ ဘုံဘုံရဲ့ပါးလေးတစ်ဖက်
ကိုမွေးကြူလိုက်သည်။ထိုအချိန်လေပြင်းတစ်ချက်
ကွေ့တိုက်သွားသလိုအေးစက်သွားရသည်။

  ဒီလိုနဲ့ရှောက်သွားကြရင်း နောက်ဆုံးတော့ ဆံတိုး
ဆိုင်လေးတစ်ခုရှေ့ကိုရောက်သွားကြတော့သည်။
အနည်းငယ်နွမ်းကြနေတဲ့ဆိုင်လေးကြောင့် ဇာတ်
လိုက်မက ထွက်သွားဖို့ပြင်ပေမယ့် ဝမ်ဘုရင်သတိ
ထားမိစေချင်တာကြောင့် ဝယ်ရန်လုပ်လိုက်သည်။

"လင် မင်းလည်းလိုချင်တာရှိရင် ဝယ်လေ''

"ဟုတ်ကဲ့ပါ သခင်ကြီး ''

အပြင်မှာဖြစ်တာကြောင့်အရှင်အား သခင်ကြီးလို့
ခေါ်ရခြင်းဖြစ်သည်။ရှလင် ဆံတိုးလေးတွေကို
ကြည့်နေတုန်းမျက်လုံးထဲ ဝင်လာတဲ့ ကျောက်
ဆံတိုးလေးတစ်ခုကိုယူလိုက်သည်။

^gg လှလားအစိမ်းရောင်လေး ^

^အင်း တော်တော်လှတယ် host ^

^မောင့်အကြိုက်ဆုံးအရောက်လေး ^

^host လိုချင်ရင်ဝယ်ထားလိုက်ပါလား မှော်အိပ်
   ထဲထည့်ထားလိုက်လေ ^

^အင်း ^

"သခင်လေး က ဒီဆံတိုးလေးယူမလိုလားခင်ဗျ ''

System GG { bl }Where stories live. Discover now