အပိုင်း (၄၁)

14.5K 810 40
                                    

***ဖခင်မေတ္တာသည် လုပ်ရပ်တချို့မှားယွင်းရှိသော်လည်း ချစ်ခြင်းမေတ္တာအပြည့် နှင့်သားသမီးအပေါ် ချစ်ရိုးထုံးစံသာရှိခဲ့ပါ၏***

"ဟာ....ဦးဦးမြဲ လာပြီ...ရေး...၊ သာသားက မျော်နေတာ သိလားလို့ "

" ဟား.....သိလို့ ဦးဦးမြဲ ရောက်လာတာ သားသားအတွက် မူန့်တွေအများကြီးပါတယ်ဗျာ ၊ သားသား...အဲ့ဒီလူက ဘယ်သူလဲ ...မသိတဲ့သူအနားမကပ်ရဘူးလေ babyကောင်းရ ၊ သားပါးပါးကတော့ သိရင် စိတ်ပူနေတော့ မှာ သိလား"

"ဟင်းအင်း..ပါးပါးကိုမပြောပါနဲ့၊ ပါးပါးကို သားသားကြောင့် စိတ်မပူစေချင်ဘူး ၊ နောက်သားသား ဘယ်သူအနားမှ မကပ်တော့ပါဘူး နော် ဦးဦးမြဲ ....နော်၊ သားသား လိမ်မာပါ့မယ် ပါးပါးကို စိတ်မပူစေချင်ဘူး ဟင့်...."

"ဟုတ်ပါပြီဗျာ...တိတ်ပါ မငိုပါနဲ့...ခဏ အိမ်ထဲသွားနေနော် ၊ ဦးဦးမြဲ စကားမေးကြည့်အုံးမယ် ၊ သားပါးပါးလည်း ပြန်လာနေပြီတဲ့ ....Baby ကောင်းကလိမ်မာတယ် ..."

"ဟုတ်ကဲ့ ဦးဦးမြဲ၊ သား ဘွားကြည်ဆီသွားမယ်နော် "

ကိုယ်ပွေ့ဖက်တော့မယ့်ဆဲဆဲ သားငယ်က ကိုယ်မဟုတ်တဲ့ သူဆီ ပြေးသွားသတဲ့လား။ ဖခင်ဖြစ် တဲ့ကိုယ်ကရော သားဖြစ်သူကိုထွေးပွေ့ခွင့်တောင် မရတော့ဘူးလား၊ အမှားတွေပြင်ဆင်ခွင့်မရတော့ဘူးလား။ ဒယ်ဒီကိုလှည့်ကြည့်ပါအုံးသားရယ်၊ ဒယ်ဒီကို ခုလိုဥပေက္ခာမပြုပါနဲ့၊ ဒယ်ဒီဆီပြန်လာကြည့်ပေးပါ။ ကျွန်တော့ နှလုံးသားတွေက နာလိုက်တာ ၊ ရင်ဘတ်တွေနာလိုက်တာ ..အောင့်တက်လာသော ခံစားချက်နှင့် သားငယ်တို့ကြည်နူးမူကို ကြည့်နေမိသည်။ ကိုယ့်သွေးသားက သူစိမ်းဆီကို အပြုံးအပျော်တွေနဲ့ပြေးဖက်ပြီး ပျော်မြူးနေတာ မြင်ရတဲ့ မြင်ကွင်းကိုကြည့်နေသည့်ကျွန်တော်။ ကိုယ့်သွေးသားနှင့်သူစိမ်းတို့ ပြောဆိုပြုမူနေတဲ့ ဟန်ပန်အမူအရာတွေကို မြင်နေ၊ ကြားနေရ နဲ့ ကိုယ်က ဘေးလူလို ဖြစ်သွားရတဲ့ခံစားချက်၊ ကိုယ့်သွေးသားက ကိုယ် မဟုတ်သော ဘေးသူစိမ်းဆီ ကျွန်တော်လိုချင်နေသော မေတ္တာတွေ ၊ချစ်ခြင်းတွေ ပေးနေသည်တဲ့လား ။နာကျင်လိုက်တာ ၊ ရင်ဘတ်ကြီးတစ်ခုထဲ ဗုံးကွဲနေသည့်အလား မြည်ဟီးသံတွေက ကျွန်တော် ရင်ကွဲသံတွေ၊ နာကျင် နေရသည့်ကား ကျွန်တော့် ခံစားချက် ၊ပြိုကျချင်သော ကျွန်တော့်ဘဝ ယိုင်လုလု။ ဖခင်မည်သည့် ကိုယ့်သွေးသားကို မည်သို့ပင်မှားယွင်းခဲ့သည်ရှိသော် ချစ်ခြင်းမေတ္တာက မလျော့ခဲ့ ။ မည်သိုသော ဖခင်မျိုးဖြစ်နေပါစေ ကိုယ့်သွေးသား ရတနာသည်က မြတ်နိုးရာမို့ အသက်ပေး၍လည်းချစ်သည်၊ ဘဝပေး၍လည်း ချစ်သည်။ ကိုယ့်အမှားတွေကြောင့် ကိုယ်သွေးသားရှေ့သိမ်ငယ်နေမိပြီ၊ မျက်နှာပြ ပွေ့ဖက်ခွင့်တွေအတွက် မျက်နှာငယ်နေရပြီ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now