Chapter - 37

3.3K 279 43
                                    

Unicode
~~~~~~~~

" အဖိုး … မေမေ "

မုဒြာရောက်ရှိနေတာက အဖြူရောင်ကုမုဒြာပန်းခင်းကြီးအထဲမှာဖြစ်ပြီး ဘေးပတ်ပတ်လည်၌ မြူခိုးတွေရစ်ဆိုင်းနေသည် ။ အိမ်တော်ကြီးလဲ မရှိတော့သလို ဘယ်အရာမှ သူ့အနားမှာမရှိနေတော့ပေ ။  မိခင်နဲ့အဖိုးဖြစ်သူကို ပြန်တွေ့လေမလား မျှော်လင့်ချက်နဲ့ အော်ခေါ်ကြည့်ပေမဲ့ ဘယ်သူမှသူ့အနား ရောက်မလာခဲ့ပေ ။

အထီးကျန်သလို ခံစားလာရပြီး သူ့အနားမှာ ဘယ်သူတွေရှိနေဦးမလဲ ရှာဖွေနေမိသည် ။ အဆုံး၌ သူသတိရသွားတာက သူ့ရဲ့ဗိုက်ကိုပင် ။ ရင်သွေးလေးရှိနေဦးမလား စမ်းကြည့်လိုက်ပေမဲ့ ဗိုက်က ပူဖောင်းမနေတော့ပဲ ပါးကပ်နေကာ သူ့မှာရင်သွေးလေးပင်မရှိနေတော့ပေ ။

မုဒြာ ပန်းခင်းကြီးအလယ်မှာ ဒူးထောက်ချလိုက်ပြီး ဝမ်းနည်းစွာငိုကြွေးကာ အော်ခေါ်လေတော့သည် ။

" သားလေး … ဖေဖေ့ဆီပြန်လာခဲ့ပါ … ဖေဖေ့မှာ သားတစ်ယောက်ပဲ ရှိတော့တာ … ပြန်လာခဲ့ပါ "

" ပါပါး "

ရုတ်တရပ် သေးငယ်တဲ့အသံလေးက သူ့ရဲ့အနောက်ကနေ ထွက်ပေါ်လာသည် ။ မုဒြာလှည့်ကြည့်လိုက်တော့ သေးကွေးကာ ဖြူအုနေတဲ့ ချစ်စရာကလေးငယ်လေးက သူ့အားကြည့်ကာပြုံးနေတာကို တွေ့လိုက်ရသည် ။

" ပါပါး … ပါပါး"

တောက်ပတဲ့အပြုံးလေးနဲ့ လက်ဖြန့်ကာ ပွေ့ချီပေးဖို့တောင်းဆိုနေတဲ့ သားလေးကိုမြင်ပြီး မုဒြာပျော်ရွှင်သွားကာ သားလေးအား ပွေ့ဖက်လိုက်တော့သည် ။

" သားလေး … ဖေဖေ့ရဲ့သားလေး "

" မုဒြာ … သတိရလာပြီလား "

သားလေးနဲ့ပွေ့ဖက်နေတုန်း စကားသံကြားလိုက်ရပြီး ကောင်းကင်ထပ်က အလင်းတန်းကြီးပေါ်လာကာ မုဒြာဖက်သွယ်ထားတဲ့ သားလေးဟာလဲ အငွှေ့တစ်ဖွယ် ပျောက်ကွယ်သွားလေတော့သည် ။ သူ့ရဲ့ဘေးပတ်ပတ်လည်မှာ စကားသံတွေဆူညံစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်က ပြန်လည်ကာ အသက်ဝင်လာခဲ့သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now