Chapter - 38

3.1K 271 31
                                    

Unicode
~~~~~~~

ကုမုဒြာဟာ ငယ်စဉ်ကတည်းက အဖိုးဖြစ်သူရဲ့စောင့်ကြည့်မှုတွေအောက်မှာနေလာခဲ့ရ၍ မွန်းကြပ်ကာ ထွက်ပေါက်ကိုရှာပြီး အပြင်သို့ ခိုးထွက်လေ့ရှိသည် ။

မုဒြာအမုန်းတီးဆုံးက လွတ်လပ်မှုတွေကို ပိတ်ပင်တာနဲ့ သူ့အားစောင့်ကြည့်ဖို့အတွက် အစောင့်အရှောက်တွေ ထားထားခြင်းကိုပင် ။ ခုလဲဧကရာဇ်မောင်က အစောင့်အကြပ်တွေ ထားထား၍ ရန်ကုန်ကအိမ်တော်မှာနေနေရတာတောင်မှ  မုဒြာစိတ်တွေမွန်းကြပ်လာသည် ။

အမြဲသခင်တစ်ယောက်ရဲ့နေရာမှာနေလာခဲ့ရ၍ အစေခံတွေရဲ့ ဦးညွှတ်ချင်းကိုသာ ခံရပြီး ဘယ်သူမှသူ့အားတရင်းတနီးမဆက်ဆံရဲကြပေ ။ သူနဲ့အဆင့်တူတဲ့ မျိုးရိုးမြင့်သခင်လေးများကလွဲပြီး မုဒြာမှာ သူငယ်ချင်းအပေါင်းအသင်းဟူ၍ များများစားစားမရှိခဲ့ပေ ။ 

ထိုခံစားချက်က အလင်းရောင်ပျောက်ကွယ်သွားချိန်မှ အမှောင်ထုကြားမှာ ပွင့်လန်းနေတတ်တဲ့ ကုမုဒြာပန်းလေးနဲ့ဆင်တူလှပြီး အထီးကျန်ဆန်လှသည် ။ ထိုပန်းလေးအား ဘယ်သူမှအရေးတယူမပြုကြသလို ပန်းကလေးက လှပပေမဲ့ ပြစ်ပယ်ခံထားရသည်နှင့်တူနေသည် ။

ညအမှောင်ထုထဲ ပွင့်လန်းတဲ့ပန်းလေးက တစ်နေ့မှာ သူ့အပေါ်အလင်ရောင်ပေးကာ ပြုံးကြည့်နေတဲ့ လမင်းလေးကို ချစ်ခင်ခုံမင်ခဲ့မိသည် ။ မောင်ဆိုတဲ့လူသားလေး သူ့အားအဖော်ပြုပေးလာချိန်မှာ ပျော်ရွှင်ခဲ့ပြီး မောင့်အနားမှာရှိနေလျှင် အထီးကျန်မှုတွေပျောက်ပြီး ထာဝရပျော်ရွှင်ရမည်ဟု မုဒြာယုံကြည်ခဲ့သည် ။

ထိုယုံကြည့်မှုတို့ကြောင့် စုံလုံးကမ်းကာ မောင့်အပေါ်သူ့ရဲ့အချစ်တွေပုံအပ်ပြီး အိမ်တော်ထဲမှာပဲ မိမိကိုယ်ကို နှစ်အတော်ကြာပိတ်လှောင်ကာ မောင့်ရဲ့ဂရုစိုက်မှုတွေရဖို့အတွက် ကြိုးစားရင်း မောင့်အနားမှာ မညည်းမညူနေပေးခဲ့သည် ။

အဆုံးသတ်၌ သူ့ရဲ့ကြိုးစားမှုတိုင်းက နာကျင်မှုတွေသာ အထပ်ထပ်ရရှိကာ မုဒြာမျှော်လင့်ထားတဲ့ နွေးထွေးပြီး ပျော်ရွှင်စရာမိသားစုလေးမရရှိခဲ့လေပဲ သူ့မှာရှိတဲ့ပျော်ရွှင်မှုတွေသာ ဆုံးရှုံးခဲ့ရသည် ။ မုဒြာရှေ့ဆက်ပြီး ဒီပိတ်လှောင်ခံရတဲ့ ဘဝကြီးထဲမှာ မနေချင်တော့၍ ပြေးထွက်ဖို့အတွက်သာ စိတ်အားထက်သန်နေခဲ့သည် ။ သူသိပ်ချစ်ရတဲ့ မောင့်ကိုတောင် ပြန်ပြီး လှည့်မကြည့်ချင်လောက်တဲ့ထိ ပင်ပန်းနေခဲ့ပြီ ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now