***နာကျင်ခြင်းမည်သည် ၊ ထုတ်ဖော်ပြခွင့်မရတဲ့ ဖခင်တစ်ယောက်၏သောက***
ဟင် ....ခင်များ..."
" ကလေးငယ်၊ ကိုကို ရှင်းပြပါရစေ ကလေးငယ်၊ ကိုယ့်ကို ခဏလေး အချိန်ပေးပါ ၊ ခဏလေးပါ ကလေးရာ "
" ခင်များ...ဘာလာလုပ်တာလဲ၊ ခင်များ ဘာလုပ်လိုက်လို့ ကျုပ့်သား ငိုရတာလဲ၊ ဘာမှရှင်းမပြနဲ့ ၊ သွား...ခင်များ ခုချက်ချင်း ကျုပ်ရှေ့က ထွက်သွား "
" ခဏ လေးပါ ကလေးရယ်၊ ကိုကို ရှင်းပြ ပါ့မယ် ကိုကိုသားငယ်ကို ဘာမှမလုပ်ရပါဘူးကွာ၊ က်ုယ်ကို နှင်မထုတ်ပါနဲ့ ခဏလေးပါ ကလေးရယ်"
ဟင်းအင်း ၊ မမြင်ချင်ဘူး သည်လူမျက်နှာမြင်ရတာ မီးလိုပူလှပြီ။ အေးချမ်းနေတဲ့ ကျွန်တော်တို့သားအဖကို ဒုခပေးဖို့ရောက်လာတဲ့သူ၊ တည်ငြိမ်နေတဲ့ ကျွန်တော်တို့သားအဖဘဝကို မွှေနှောက်ပစ်ဖို့ ကြိုးစားသူ၊ စိတ်နာလိုက်တာ ဒီလူကိုမြင်ရတာ အနယ်ထိုင်ပြီးသား အနာတွေ တဆစ်ဆစ်ကိုက်ခဲလာသည့်အလား။ဒီလူသား မြင်ရရင် ပွက်ပွက်ဆူလာသောသွေးတွေက ထိမ်းမရ၊ သိမ်းမရ ။ နှောက်ကျိလာသော အသိစိတ်၊ မူးဝေလာသော အမြင်တို့နှင့် စိတ်ရူပ်ပင်ပမ်းမူ များစွာ ဒေါသအဟုန်ကို ပေါက်ကွဲဖို့ လုံလောက်ပြီ။ အရှိန်ပြင်းထန်စွာ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုအလား ရင်ထဲမှာ တွန်းကန်လာသော ချော်ရည်ပူကဲ့သို စကားတွေ၊ နာကျည်းမူကိုထပ်ပိုးလို့ သတ်ပစ်ချင်တဲ့ စိတ်တွေက ဟန်မဆောင်နိုင်စွာ ကိုယ့်ရှေ့ မျက်ရည်ကြီးငယ်ကျနေသော သူ၊ စကားပြောဖို့ တောင်းပန်ခယ နေသောသူအား အရှိန်ပြင်းပြင်း ကျွန်တော်တို့သားအဖနဲ့ဝေးရာကို တွန်းထုတ်မိသည်။ မမြင်ချင်ဘူး သည်လူမျက်နာ၊ မကြားချင်ဘူး သည်လူတောင်းပန်သံတွေ၊ မထိတွေ့ချင်ဘူး သည်လူကိုယ်ခန္ဓာကအစ သည်လူနဲ့ပတ်သတ်ရမှာ ရွံ့မုန်းနေပြီ။ နာကျည်းနေပြီ။
"ထွက်သွား...ခင်များ ခု ကျုပ်တို့ရှေ့က ထွက်သွား ...သွား"
"ခဏလေး...ကိုယ်က်ိုရှင်းပြခွင့်ပေးပါကွာ....."
"ပါး....ပါးပါး..ဟီး...အီး....ပါးပါး..."
" ခင်များထွက်သွားလိုက်....ဒါ ကျုပ့်သား...ခင်များနဲ့မဆိုင်ဘူး...ကျုပ်အေးဆေးပြောနေတုန်းထွက်သွားလိုက်.....သွား..."

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...