Chapter - 39

3.2K 304 29
                                    

Unicode
~~~~~~~~

တဖြေးဖြေးနီးကပ်လာတဲ့ မွေးဖွားချိန်တွေကြောင့် မွေးပြီးသွားလျှင် ဧကရာဇ်မောင် မုဒြာကိုဘယ်လိုဆက်ပြီး ဖမ်းဆွဲထားသင့်လဲ စဉ်းစားရခက်လာပြီး ဆရာဝန်သီးသန့်ခေါ်ကာ အိမ်မှာပဲ မွေးဖွားပေးဖို့ဆုံးဖြတ်လိုက်သည် ။

မုဒြာ  အိမ်တော်ရဲ့အပြင်ကို ထွက်လိုက်တာနဲ့ သူ့အနားကနေ အငွှေ့တဖွယ် ပျောက်ကွယ်ကာ ပြန်လည်ဖမ်းဆုတ်၍မရတော့မှာကို ဧကရာဇ်မောင် ကြောက်ရွံ့နေမိသည် ။

" မုဒြာ "

ဧကရာဇ်မောင် အခန်းတံခါးကို အကြိမ်ကြိမ်ခေါက်ကြည့်ပေမဲ့ မုဒြာထံက ဖြေဆိုသံမကြာရပေ ။ စိုးရိမ်သွားကာ သော့ဖြင့်ဖွင့်ပြီးဝင်လာတော့ ကုတင်ပေါ်၌အခန်းတံခါးအားကျောပေးကာ အိပ်နေတဲ့ မုဒြာကို တွေ့လိုက်ရသည်  ။

ဒီနေ့အလုပ်မသွားခင် ဧကရာဇ်မောင် မုဒြာအားပြောပြစရာတစ်ခုရှိနေသည် ။ ထိုအရာက မနက်ဖြန်သူ့ရဲ့မွေးနေ့အမှန်ကို ရောက်ပြီဆိုတဲ့ အကြောင်းကိုပင် ။

မွေးနေ့အစစ်ရောက်လျှင် ပျော်ရွှင်စရာကောင်းလိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ မုဒြာက သူ့ရဲ့မျက်နှာကိုပင်လှည့်မကြည့်တာကြောင့် ဧကရာဇ်မောင် ဝမ်းနည်းသွားသည် ။

မုဒြာက အရင်ကလိုသူ့အားဂရုစိုက်မပေးတော့သည့်အပြင် မျက်နှာချင်းဆိုင်ဖို့ပင် ခဲရင်းလာသည် ။ အလုပ်သွားခါနီး ကျောပေးထားသည့်မုဒြာကိုကြည့်ပြီး ဘာမှမဆိုတော့ပဲ ဧကရာဇ်မောင် ထွက်လာခဲ့သည် ။

အိမ်မှာ အတော်လေးအဆင်မပြေဖြစ်နေပေမဲ့ အလုပ်မှာတော့အဆင်ပြေချောမွေ့ကာ ဧကရာဇ်ဦးဆောင်နေတဲ့ ပရော့ဂျက်က အမြတ်အစွန်းတွေအများကြီးရရှိခဲ့၍ အဖွဲ့သားတွေက သူဌေးအားဒီညမပြန်စေပဲ ဂုဏ်ပြုပွဲပြုလုပ်ပေးဖို့ စီစဉ်ကြသည် ။ အားလုံးက မုဒြာကိုခေါ်ချင့်မဲ့ ဧကရာဇ်က ကိုယ်ဝန်နေ့စေ့လစေ့နဲ့မို့ ခေါ်ခွင့်မပြုခဲ့ပေ ။

ပွဲတွင်လဲ ဧကရာဇ်မောင် စိတ်မပျော်မရွှင်ဖြစ်ကာ လူကြားထဲတွင် ဟန်ဆောင်ပြီးတော့တောင်မပြုံးနိုင်၍ အရက်ကိုသာအဆက်မပြတ်သောက်နေသည် ။ မူးသွားရင်တော့ ထိုနာကျင်မှုတွေ ပျောက်သွားလိမ့်မည်ဟု ထင်နေခဲ့သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now