Chapter - 40

3.7K 303 74
                                    

Unicode
~~~~~~~~

မုဒြာသားလေးမွေးဖွားပြီးနောက် ဆေးရုံရဲ့သီးသန့်အခန်းတွင်း၌သာ နေနေရပြန်သည်  ။ ပိုးသတ်ဆေးနံ့တွေနေရာတိုင်းမှာ ပြန့်လွင့်နေတဲ့ ဆေးရုံကြီးမှာ မုဒြာမနေချင်တော့သလို အပြင်လောကကြီးကို သားလေးနဲ့အတူထွက်ကြည့်ဖို့ စိတ်အားထက်သန်နေသည် ။

အိပ်ယာနိုးထလာတော့ သူ့ဘေးနားမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့သားလေးကမရှိနေတော့၍ မုဒြာလန့်ဖြန့်သွားကာ အခန်းအပြင်ပြေးထွက်လာခဲ့သည် ။ အခန်းရဲ့အပြင်ဘက်မှာ အစောင့်တွေရှိနေကြပြီး ပြေးထွက်လာတဲ့မုဒြာအား ဖမ်းချုပ်လိုက်ကြသည် ။

" မင်းတို့ ဘာလုပ်တာလဲ … ငါ့ကိုလွှတ် "

" သခင်လေး အပြင်ထွက်လို့မရပါဘူး "

" မင်းတို့ ဆေးရုံထိပါ ငါ့ကိုချုပ်နှောင်နေတာလား … ဧကရာဇ်မောင်ကိုခေါ်ပေး "

" Boss က အစည်းအဝေးရှိနေလို့ ခနနေပြန်လာမှသခင်လေးကို လာတွေ့မယ်လို့ပြောပါတယ် … လိုအပ်တာရှိရင်ကျွန်တော်တို့ကိုခိုင်းပါ "

" ငါ့သားလေး ခုဘယ်မှာလဲ "

" သခင်လေးရဲ့ရင်သွေးလေး လုံခြုံတဲ့နေရာမှာ ရှိနေပါတယ် … Boss က သခင်လေးရဲ့ချုပ်ရိုးတွေအရှင်းပျောက်ကင်းမှ ရင်သွေးလေးကိုပွေ့ချီခွင့်ပေးဖို့ မှာထားတာကြောင့်ပါ … နို့တိုက်ချိန်ရောက်ရင်  သခင်ငယ်လေးကို ခေါ်လာပေးမှာမို့ အထဲကိုဝင်ပြီးစောင့်နေပါ "

မုဒြာစိတ်ကိုပြန်လျော့ပြီး အခန်းထဲပြန်ဝင်လာခဲ့ရသည် ။ သားလေးအား မွေးကင်းစအရွယ်က တစ်ကြိမ်သာ အချိန်အကြာကြီး ပွေ့ချီဖူးပြီးနောက် အားရအောင်ပွေ့ချီခွင့်မရသေးပေ ။ ဧကရာဇ်မောင်က သားလေးကိုသူ့အနားမှာ တစ်ချိန်လုံးခေါ်ထားပြီး နို့တိုက်ချိန်ရောက်မှသာ မုဒြာထံပေးသည် ။

ခုသူမရှိတဲ့အချိန်တွေမှာတောင် မုဒြာတစ်ယောက်ထည်း အခန်းထဲမှာ ခွဲစိတ်ဒါဏ်ရာပျောက်ဖို့အတွက် ကုသမှုခံယူနေရပြီး ကလေးနဲ့လဲ အခန်းခွဲပြီးနေနေရသည် ။ ဒီအခြေအနေက သားလေးနဲ့သူ့အား ကမ္ဘာခြားထားသလို ခံစားနေရ၍ မုဒြာမပျော်ပေ ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now