Part:2

827 86 2
                                    

Unicode

တက္ကသိုလ်အရှေ့ဘက်လမ်းကြား၌ ဖွင့်လှစ်ထားသော MODAE Cafeteria တွင်ဖြစ်သည်။ ကျောင်းသားကျောင်းသူအများစု လာရောက်ကြသည့်ထိုနေရာက စာလုပ်ရန်အတွက်သင့်တော်သည့်စားပွဲခုံ၊အားသွင်းပေါက်နှင့် အခြားသော service ကောင်းများရှိသည့်အတွက် နေ့စဉ်လူမပြတ်‌သော ကော်ဖီဆိုင်ဖြစ်သည်။ ထို့ပြင် menu များမှာစုံလင်လှသည့်အတွက် mukbanger များ၊Vloggerများလည်း မကြာခဏလာလေ့ရှိ၏။

"hot choco တစ်ခွက်ပေးပါ"

ထယ်ယောင်းက မှာပြီးသည်နှင့် အချက်ပြခလုတ်လေးကိုယူပြီး စားပွဲတစ်ခု၌ နေရာယူသည်။ ထို့နောက် laptop ကိုသာ အာရုံစိုက်ထားရင်း ဒီတစ်ခေါက် presentation အတွက် ကကွက်များကိုလေ့လာနေသည်။

ကော်ဖီဆိုင်အတွင်း စကားကျယ်လောင်စွာမပြောရဟူသော MODAE Cafeteria ရဲ့စည်းမျဉ်းက စာလုပ်သူများအတွက် အနှောင့်အယှက်ကင်းစေရန်ရည်ရွယ်သည်။

ဆယ်မိနစ်လောက်အကြာ အချက်ပြခလုတ်က တုန်ခါလာသဖြင့် laptop ကိုပိတ်ပြီးလွယ်အိတ်ထဲပြောင်းထည့်လိုက်သည်။ ကောင်တာပေါ်ကို အချက်ပြခလုတ်တင်ပေးတော့ ဝန်ထမ်းကောင်မလေးက ဘူးတစ်ဘူးကမ်းပေးသည်။

"ကျေးဇူး"

ကျသင့်ငွေကိုရှင်းပြီးတာနဲ့ hot choco ဘူးကို ဆွဲယူရင်း ဆိုင်အပြင်သို့ထွက်လာခဲ့သည်။
ဒီတစ်ခေါက် presentation က ဂျီမင်ရယ် သူရယ် အတန်းသားတစ်ယောက်ရယ် ပြုလုပ်ရမည်ဖြစ်သည့်အတွက် သုံးယောက်သား အကြံဉာဏ်ဖလှယ်ဖို့ရာ ကျောင်းစာကြည့်တိုက်၌ ချိန်းဆိုထားသဖြင့် ထိုနေရာသို့ဦးတည်နေတုန်း...

"ဟို တစ်ဆိတ်လောက်"

နောက်ကျောဘက်မှ ထွက်လာသည့် ယောက်ျားသံ။ အေးဆေးပြီးတည်ငြိမ်တဲ့လေသံဖြင့် တစ်ဆက်တည်းမှာပင် နူးညံ့သလိုမျိုး။

လှည့်ကြည့်မိတော့ တစ်ခါမှမမြင်ဖူးတဲ့မျက်နှာစိမ်း။
ထိုသူစိမ်းက အရင်ဦးဆုံးပြုံးပြလာသည်။ ထယ်ယောင်းက ဘာလဲဆိုသည့်ပုံစံမျိုးဖြင့် ကြည့်နေဆဲ။

"ကျွန်တော့်ခွက်နဲ့ ထယ်ယောင်းခွက် မှားသွားတယ်ထင်တယ်"

"ဘယ်လို?"

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now