Part:15

515 71 3
                                    

Unicode

မနေ့က ဆောင်းယွန်းဟွာနဲ့ထယ်ယောင်းတို့၏ရန်ပွဲမှာ တစ်ကျောင်းလုံးဟိုးလေးတကျော်ကျော်ဖြစ်လို့နေသည်။ ပါးစပ်တစ်ပေါက်မှသည် လေးငါးဆယ်ပေါက် ထိန်းမရတော့တဲ့အခါ Contemporary အဆောင်ဘက်မှစ၍ အခုလိုပျံ့နှံသွားခဲ့ရခြင်း။

နှစ်ဖက်လုံးက အသိုင်းအဝိုင်းတောင့်တင်းလို့သာလျှင် တော်ရုံ,ခနဲ့တာမျိုးမလုပ်ရဲကြတာ။

နောက်ပြီး ထယ်ယောင်းလို နာမည်ကြီးတဲ့ကျောင်းသားတစ်ယောက်က ယောင်္ကျားလေးချင်းတွဲနေတယ်ဆိုသည့်သတင်းဟာ ကျောင်းသား၊ကျောင်းသူများကြားဝယ် အတော်လေးရိုက်ခတ်သွားခဲ့လေသည်။

ကျောင်းပေါက်ဝမှ တယောလွယ်အိတ်လေးနဲ့ဝင်လာတဲ့ဂျောင်ဂုကို မသိမသာတစ်မျိုး ၊ သိသိသာသာပါ အကဲခတ်သွားကြတဲ့လူတွေ။

စိတ်တွေရှုပ်လွန်းအားကြီးလို့ မျက်ခုံးတန်းတွေတွန့်ချိုးလာသည်။ နဂိုတည်းက လူအာရုံစိုက်ခံရခြင်းအားမနှစ်မြို့သည့် ဂျောင်ဂုအဖို့ ဒီနေ့ဟာတော့ မနက်တည်းက ပြဿဒါးပင်။

တီးတိုးကဲ့ရဲ့ကြတဲ့အသံတွေကိုလည်းကြားပါတယ်။ ဒါဟာဘာအရေးလဲ။ ချီးမွန်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုတဲ့ထုံးစံအတိုင်း သူတို့ဦးနှောက်တွေ အာရုံစူးစိုက်ရလွန်းလို့ မောပန်းလာသည့်အခါ ပုံမှန်လိုပဲ သာမာန်ကာလျှံကာနေသွားကြမှာပဲ။

"မောင်"

အနောက်ဘက်နားမှထွက်လာတဲ့ အသံဩရှရှလေးက မနက်ခင်းရဲ့ကောင်းချီးမင်္ဂလာလေးပါပဲ။

လှည့်ကြည့်တော့ မျက်နှာတည်လေးဖြင့် ချစ်သူလေးက တည်ငြိမ်လွန်းနေတော့တာ။

"ထယ်.... အတန်းဘက်သွားမလို့လား"

"အင်း မောင်နဲ့အတူတူသွားမလို့စောင့်နေတာ"

"မောင်နဲ့?"

ဂျောင်ဂုက သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း မျက်လုံးဝိုင်းတွေဖြင့် ထယ်ယောင်းအားကြည့်နေသည်။

"ဘာလို့လဲ ငါနဲ့မသွားချင်ဘူးလား"

"ဟာ... မဟုတ်တာ ထယ်ရာ။ မောင်ကအံ့ဩသွားလို့ပါ။ မနက်ဆို ထယ်တို့က အတန်းချိန်စတာစောတယ်လေ ။ မောင်နဲ့ဆိုနောက်ကျနေမယ်ထင်လို့"

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now