Part:18

451 61 5
                                    

Unicode

ပိတ်ရက်တိုင်းလာဖြစ်နေကြ လမ်းထိပ်ကစာကြည့်တိုက်လေးဆီ ထုံးစံအတိုင်း ထယ်ယောင်းချီတတ်လာလေသည်။

ဒီတစ်ခါမှာတော့ မတူညီသည့်ရင်ခုန်မှုများနှင့်အတူ သူ့ရဲ့ခြေလှမ်းတွေဟာပုံမှန်ထက်ပိုပြီးသွက်လက်နေခဲ့တယ်။ မကြာသေးခင်ကမှ ချစ်ရေးဆိုခံထားရပြီး မိမိသဘောကျနှစ်သက်ရတဲ့လူဖြစ်တာကြောင့်ရယ် စိတ်နှလုံးသားနွေးထွေးတဲ့သူမလို့ အချိန်ကြာကြာမစဉ်းစားတော့ဘဲ အဖြေပြန်ပေးခဲ့တာ။

အထက်တန်းကျောင်းသားအရွယ်လူငယ်တစ်ယောက်က ကိုယ့်ထက်အသက်ကြီးတဲ့အစ်ကိုတစ်ယောက်အပေါ်စိတ်ယိုင်သွားခဲ့လိမ့်မယ်လို့ဘယ်ထင်ခဲ့ပါ့မလဲ။

"ထယ်လေး"

စာအုပ်ဖတ်နေသော ထယ်ယောင်းရဲ့နှုတ်ခမ်းစွန်းလေးနှစ်ဖက်ကော့တတ်သွားရသည်။

ခပ်ချိုချိုအသံပိုင်ရှင်ကိုလှည့်မကြည့်တောင် မှားနိုင်ပါအုန်းမလား။ ရင်ဘတ်ထဲဗျောင်းဆန်နေအောင် မွှေသွားနိုင်တဲ့တစ်ဦးတည်းသောလူလေ။

"ဒီနေ့ အစ်ကိုရုပ်ရှင်လိုက်ပြမယ်လို့ပြောထားတယ်နော်"

အနောက်ဘက်သို့ ကိုယ်လုံးလေးလှည့်ရင်း မနေ့ကပြောခဲ့တဲ့ မိမိစကားကို အပီကိုင်ချုပ်နေသော ထယ်ယောင်းကြောင့် လီဂန်အူ ပါးချိုင့်များနစ်ဝင်သွားသည်ထိပြုံးမိတော့၏။

"အေးဆေးပေါ့ ကောင်လေးရ။ ကိုယ်မမေ့ပါဘူး"

ထယ်ယောင်းဆံနွယ်လေးများကို အသာဆွဲဖွလျက်ပြောသည့်အခါ အစ်ကို့မျက်နှာကိုကြည့်ရင်း ရှက်သွေးဖြာရတယ်။

တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ လီဂန်အူဆိုသည်မှာ တစ်ခါတရံ ဒီဘက်ရပ်ကွက်ထဲကစာကြည့်တိုက်ဆီ စာအုပ််လာငှားဖြစ်ရင်း ထယ်ယောင်းနဲ့စတွေ့သည်။

ဒီကောင်‌လေးဟာ Volunteer လုပ်ဖြစ်ခဲ့ရခြင်းရဲ့အကြောင်းပြချက်ကောင်းလေးပါပဲ။

"ဒါနဲ့လေ မိတ်ဆက်ပေးစရာလူရှိတယ်"

"ဘယ်သူလဲ အစ်ကို"

"ကိုယ့်ရဲ့ညီမလေးပါ။ ငယ်ငယ်တည်းက အိမ်နီးချင်းတွေဆိုတော့ မောင်နှမလိုဖြစ်နေကြတာ"

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏTempat cerita menjadi hidup. Temukan sekarang