Part:23

366 53 2
                                    

Unicode

"သား အောက်ကိုဆင်းခဲ့အုန်းလေ ယွန်းဟွာလေး ရောက်နေတယ်"

အဖေက အခန်းတံခါးအား အသာခေါက်ရင်း ပြောနေသည်။ ရေချိုးပြီးကာစ စိုစွတ်နေသော ဆံနွယ်များကို လက်ဖြင့်ထိုးဖွလျက် ဂျောင်ဂုစိတ်ရှုပ်စွာ သက်ပြင်းချလိုက်၏။

နေရင်းထိုင်ရင်း ချစ်သူနဲ့အဆင်မပြေရတဲ့ထဲမှ အာ့မိန်းကလေးကတစ်မျိုး။

‌ဒေါက် ဒေါက်

"ဂျွန်ဂျောင်ဂု အဖေပြောတာကြားလား"

"ကြားတယ်"

ထိုအခါမှ ဖခင်ဖြစ်သူဟာ တံခါးရှေ့မှထွက်သွားတော့သည်။

အိမ်နေရင်း ပေါ့ပေါ့ပါးပါး စပို့ရှပ်တစ်ထည်ကို ကောက်စွပ်လိုက်သည်။ အနက်ရောင် အားကစားဘောင်းဘီက သန်မာတဲ့ ခြေတံရှည်များနဲ့လိုက်ဖက်စွာ။

ဆောင်းယွန်းဟွာက ဧည့်ခန်းထဲ၌ မိဘနှစ်ပါးနဲ့အတူ စကားလက်ဆုံကျနေတယ်။

အမေ့ဘေးက လွတ်နေသည့် နေရာလေးမှာဝင်ထိုင်သည့်အခါ သူမက ပြုံးပြ၏။

ပြန်လည်တုံ့ပြန်လိုက်မိသလားတော့ ဂျောင်ဂုကိုယ်တိုင်ပင်မသိပါ။

"မကြာခင် ဘွဲ့ရတော့မှာဆိုတော့ နင့်အတွက်နေရာကောင်းတစ်ခုရှာတွေ့ထားလို့ အခုပဲ ဦးလေးနဲ့အန်တီ့ကိုပြောပြနေတာ"

ဂျောင်ဂုက စိတ်မပါသော်လည်း အဖေနဲ့အမေက အရောင်လဲ့နေသော မျက်ဝန်းတွေနှင့် မိမိအားကြည့်လာသည်။

"ငါ့အသိတစ်ယောက်ရဲ့ သင်တန်းကျောင်းမှာ assistant teacher လိုနေတာလေ။ နင်က ဆိုးလ်တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် အမှတ်တွေလည်းကောင်းတော့ သူက သဘောကျတယ်တဲ့ အာ့တာ နောက်အပတ်ထဲ လိုက်တွေ့မလား"

"အာ့တာက..."

ငြင်းဆန်ချင်တဲ့ စကားတွေက မိဘတွေရဲ့ မျှော်လင့်ချက်အပြည့်ဖြင့် မျက်ဝန်းတွေကြောင့် တုံ့ဆိုင်းကုန်တယ်။

အဖေဟာ သူဝါသနာပါတဲ့ တယောထိုးခြင်းအပေါ် စားဝတ်နေရေးကြောင့်စွန့်လွှတ်ခဲ့ရပြီး မိမိအပေါ်အများကြီးယုံကြည်အားကိုးခဲ့သည်။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now