Part:11

548 70 12
                                    

Unicode

“အဟွတ် အဟွတ်!!”

မနေ့ကမိုးရေထဲလမ်းလျှောက်ပြန်လာသည့်ရလဒ်ကတော့ ဂျောင်ဂုတစ်ယောက်ဖျားသွားခြင်းပင်။ သူသာအခုလိုထွက်မလာခဲ့ရင် ထယ်ယောင်းကမိုးရေထဲပြန်တော့မှာ။ မိုးစက်အမှုန်အမွှားလေးများကြားထဲမှ ခိုးကြည့်ခဲ့ရတဲ့ မျက်နှာနုနုလေးဟာ ငေးမဝချင်စရာကောင်းသော အနုပညာမြောက်ပန်းချီကားတစ်ချပ်လိုပါ။

ဘယ်အချိန်ကစပြီးချစ်ခဲ့မိသလဲ။ ပထမဆုံးတွေ့ဆုံခြင်းမှာထဲကလား။ လက်ကိုင်ပုဝါလေးကို ချိန်းထားတဲ့အချိန်၊ချိန်းထားတဲ့နေရာမှာ အတိအကျရောက်အောင်လာပေးဖူးသည့် လူသားစက်ရုပ်လေးရဲ့နှလုံးခုန်သံ ပြန်လည်လှုပ်ရှားလာအောင်ဘယ်လိုဆုတောင်းမျိုးတွေခြွေသင့်သလဲ။

“သား…နိုးပြီလား၊ အမေဝင်လာမယ်နော်”

အတွေးစတို့ပြတ်တောက်သွားချိန် လှဲနေရာမှ အသာအယာကုန်းထလိုက်၏။ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေသဖြင့် လက်တစ်ချောင်းတောင်မလှုပ်ချင်ဘူး။

“ဝင်ခဲ့လေ အမေ …အဟွတ်!! ရတယ် ”

ကြက်သားဆန်ပြုတ်ပန်းကန်လေးအားဗန်းပေါ်တင်၍ သယ်ဆောင်လာသည့်မိခင်ဖြစ်သူက သုံးလေးခါဆက်တိုက်ချောင်းဆိုးနေသောဂျောင်ဂုနံဘေးသို့ဝင်ထိုင်ကာ နဖူးကိုအရင်စမ်းသည်။

“ကိုယ်အပူမကျဘူး၊ ဆက်ပြီးခေါင်းမာမနေနဲ့တော့ သားအဖေ နေ့လည်ထမင်းစားပြန်လာရင် ဆေးခန်းသွားကြမယ်”

“ဆေးသောက်လိုက်ရင် အဟွတ်! သက်သာသွားမှာပါဆိုဗျာ”

လူကဖြင့်ဖြူဖတ်ဖြူလျော်ဖြစ်နေပြီ။ ဒါကိုပင် ဆက်ပြီးငြင်းဆန်နေသော သားဖြစ်သူကြောင့် အကြံအိုက်လှ၏။ ကလေးမဟုတ်တော့ခြောက်လည်းမရ ဖြဲလည်းမရ။ ဒီကောင်လေးနှယ် ခက်တော့တာပဲ။

“ညကလည်းသောက်ပြီးပြီလေ …ဘယ်မှာသက်သာလို့လဲ”

“ခဏလောက်ထပ်အိပ်လိုက်ရင်အဆင်ပြေသွားမှာ၊ ဒါကရိုးရိုးတန်းတန်းဖျားတဲ့ဟာ ဆေးခန်းထိသွားစရာမလိုပါဘူး”

“ဂျွန်ဂျောင်ဂု…မင်း အမေ့စိတ်ကိုနည်းနည်းလောက်ခံစားကြည့်စမ်း၊ သားသမီးဖျားနာနေတဲ့ပုံကို ဘယ်မိဘကများလက်ပိုက်ကြည့်နေနိုင်ပါ့မလဲ၊ မလိုချင်ဘူး ဆေးခန်းသွားရမယ် ဒါပဲ အာ့တာကုန်အောင်စား”

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now