Part:6

579 73 6
                                    

A Thousand Years - Christina Perri [Contemporary -Lyrical Jazz]

(Choreography cover which will be performed by taehyung in this project)

Unicode

Project တစ်ခုကိုအတူတူလုပ်ရမည့် ပါတနာတွေဖြစ်တာမလို့ ထယ်ယောင်းက သူ့ရဲ့ IG account ကိုပြောပြသည်။

တစ်ယောက်နှင့်တစ်ယောက် DM အပြန်အလှန်ပို့ကြရင်း သီချင်းအတွက်တိုင်ပင်သည်။ ထယ်ယောင်းက စကားကိုအပိုအလိုပြောလေ့မရှိဘဲ တစ်ခွန်းမေး တစ်ခွန်းဖြေ စနစ်ဖြင့်သွားသည်။

"မနက်ဖြန် အဆင်ပြေမယ်ဆိုရင် ငါ့အိမ်ပဲလာလိုက်"

တင်ခနဲ ဝင်လာသည့်ထိုစာတန်းလေးကို ဂျောင်ဂုမျက်လုံးဝိုင်းလေးများဖြင့်သေချာကြည့်နေသည်။
အချိန်ဆွဲမနေဘဲ စာအမြန်ရိုက်လိုက်၏။

"ကျွန်တော် ဘယ်အချိန်လာရမလဲ"

ခဏအကြာ တစ်ဖန်ဝင်လာပြန်သည့် စာကြောင့် noti bar လေးက ph screen ထက်တွင်နေရာယူသည်။

"မနက်ဆယ်နာရီလောက်ဆိုအဆင်ပြေမလား"

"ဟုတ်ကဲ့ ပြေပါတယ် ထယ်ယောင်း"

"အာ့တာဆို မနက်ဖြန်တွေ့ကြတာပေါ့ ငါမင်းကို လိပ်စာပို့လိုက်မယ် အိမ်ရှာလို့မတွေ့ရင် ဖုန်းဆက် လမ်းထိပ်ကို လာခေါ်မယ်"

"ဟုတ်ကဲ့"

ဂျောင်ဂုပို့လိုက်သည့် နောက်ဆုံး message လေးကို ထယ်ယောင်း seenပြသည်။
သို့သော် မည်သည့် တုံ့ပြန်မှုမှမရှိတော့ဘဲ convo ကငြိမ်သက်သွားသည်။

အခုထိ message box အပြင်ကိုမထွက်သေးဘဲ ဂျောင်ဂုက ဖုန်းကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ငုတ်တုပ်လေးထိုင်နေသည်။

လက်သည်း ကိုက်လိုက် စာရိုက်ဖို့ပြင်လိုက်နှင့် တစ်ယောက်တည်း ဆောက်တည်ရာမရ။

ခေတ္တ ခဏတွေဝေနေခဲ့ရာမှ စိတ်ပိုင်းဖြတ်လိုက်သည့်ပုံစံဖြင့် သူ၏ လက်မနှစ်ချောင်းကိုအလုပ်ပေးတော့သည်။

ဂျောင်ဂုရဲ့လက်ချောင်းများက phone screen ထက်တွင်ပြေးလွှားနေသည်။ ထို့နောက် send ဆိုသည့် ခလုတ်လေးကိုနှိပ်လိုက်ပါ၏။

တစ်ဖက်တွင်လဲ_

ထယ်ယောင်းက ညအိပ်ဝတ်စုံ အကွက်လေးဖြင့် ပခုံးပေါ်၌ သဘတ်အဖြူတစ်ထည် ကိုတင်ထားသည်။
မျက်နှာသစ် သွားတိုက်ရန်အတွက် ပြင်ဆင်နေတုန်း ကုတင်ပေါ်ရှိ phone ဆီမှ noti သံကြားသဖြင့် ခြေလှမ်းများကို နောက်ဆုတ်ရင်း လျှောက်လာခဲ့သည်။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now