Part:14

599 72 14
                                    

Unicode

ဆေးရုံ၌ ဂျောင်ဂုက နှစ်ပတ်လောက်ကုသမှုခံယူလိုက်ရသည်။ အဆုတ်ထဲ မီးခိုးငွေ့များဝင်ရောက်ခဲ့သည့်အတွက် နဂိုမူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာစေဖို့ နေ့စဉ်အသက်ရှုလေ့ကျင့်ခန်းကိုပါမပြတ်မကွက်လုပ်ရသည်။

မိဘနှစ်ပါးမှာ တစ်ယောက်ကဆိုင်သွားချိန် ကျန်တစ်ယောက်က သားဖြစ်သူအနားနေရင်းပြုစုပေး၏။ မနက်ကနေ နေ့လည်ထိ ဂျောင်ဂုအမေက ဆေးရုံကိုလာပြီး နေ့ခင်းဆိုင်ထိုင်ချိန်မှစ၍ ညရောက်သည်အထိ ဖခင်က အိပ်ပြီးစောင့်သည်။

လင်မယားနှစ်ယောက်အတွက် အဖိုးတန်သားလေးဒီတစ်ယောက်သာရှိတာမို့ ပင်ပန်းတယ်လို့တစ်ခါတောင်မငြီးငြူးခဲ့ဖူးပါ။

အဖေလုပ်သူက ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်လာတဲ့ စွပ်ပြုတ်ကို ဂျောင်ဂုအားပါးတရစားပေးနေသည်။

"ခံတွင်းတွေ့ရဲ့လား"

"ဟုတ် အရမ်းအရသာရှိတယ် အဖေ"

ဂျောင်ဂုက ပြောပြီးဆက်စားသည်။ ငယ်ငယ်လေးတည်းက ဖအေလုပ်ပေးတဲ့ဖြည့်စွက်စာကို နှစ်ပန်းကန်လောက်အသာလေးကုန်ခဲ့တဲ့ သားငယ်က အခုလူပျိုဖြစ်လာပြန်တော့လည်း ဒီလူကြီးရဲ့ လက်ရာကိုကြိုက်နေသေးသည်တဲ့။

ပန်းကန်သိမ်းဖို့ထိုင်စောင့်နေတုန်း ဂျပန်နိုင်ငံတော်သီချင်းသံက ဆေးရုံအခန်းငယ်အတွင်း ကျယ်လောင်စွာထမြည်သည်။

ထိုသည်မှာ ဂျောင်ဂုအဖေရဲ့ ဖုန်းသံပင်ဖြစ်၏။

စခရင်ကိုကြည့်တော့ မှတ်ထားသည့်နာမည်က "ဂျောင်ဂုလေးအမေ"တဲ့။

"ဟယ်လို"

"...."

"ဟာ ဒီမိန်းမနှယ် ဘာလုပ်ဖို့လာအုန်းမှာတုန်း ဒီမှာ မင်းယောက်ျား ငါတစ်ယောက်လုံးရှိတယ်လေ"

"....."

"သားက ကလေးမှမဟုတ်တာကွာ၊ ညဘက်ကြီး ချီးတည်ပေးစရာလိုမလား"

"အဟွတ် အဟွတ်"

ဂျောင်ဂုမှာ ဖခင်ဖြစ်သူရဲ့စကားကြောင့် စွပ်ပြုတ်တောင်သီးကုန်သည်။

အဖေက ဖြည်းဖြည်းစားဟု လက်ကာပြပြီး အပြင်ဘက်သို့ထွက်သွား၏။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏDonde viven las historias. Descúbrelo ahora