Part:13

529 68 15
                                    

Unicode

"အစ်ကို ဒီညနေအချိန်ရလားဟင်"

ကျောင်းအနောက်ဘက်ဥယျာဉ်ထဲက ခုံတန်းတစ်ခုမှာ ထယ်ယောင်း စာဖတ်နေစဉ် ဗြုန်းစားရှေ့သို့ရောက်လာတဲ့လူအရိပ်နဲ့တကွဂုံချန်းရဲ့အသံ။

မော့ကြည့်တော့ ပြုံးပြသည်။ undercut ညှပ်ထားတဲ့ အပြင် ရှည်နေသောဆံပင်အချို့ကိုစည်းနှောင်ထားသည့်ပုံစံက ယခင်လူရိုးလေး ယန်ဂုံချန်းမဟုတ်တော့ပါ။

နောက်ပြီး ထယ်ယောင်းဟာ ဂျောင်ဂုတို့သူငယ်ချင်းတွေကြားထဲဝင်ပါတတ်သူမဟုတ်တာမို့ကိစ္စတော်တော်များများကိုမသိချင်‌ယောင်ဆောင်နေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးအတော်ကျဲလာသည်ကို သူတင်မက ဂျီမင်ပါရိပ်မိလာသည်။

"အားတယ် ဘာဖြစ်လို့လဲ"

"ကျွန်တော်နဲ့အတူ ဟန်မြစ်မှာစက်ဘီးလိုက်စီးပါလား"

"ငါက?"

"အင်း"

"စီးတာကရတယ် ဒါပေမယ့် မိုးချုပ်တဲ့အထိနေလို့မရဘူး"

"မိုးမချုပ်စေရပါဘူး ကျွန်တော်ကိုယ်တိုင် အစ်ကို့ကိုအိမ်ပြန်လိုက်ပို့မယ်"

ထယ်ယောင်းနှုတ်ခမ်းစွန်းလေးတစ်ဖက်ကော့တတ်ရင်း မထိတထိ ဟက်ခနဲရီသည်။ ဘာမှန်းသေချာမသိတဲ့ ဂုံချန်းက အသေအချာစိုက်ကြည့်နေတာ။

"လိုက်ပို့ရအောင် ငါကမိန်းကလေးလား အပိုတွေလုပ်ပြန်ပြီ"

တစ်ခြားသူသာဆိုလျှင် အားမနာတမ်းဒဲ့ပြောတတ်သည့် ထယ်ယောင်းရဲ့စကားလုံးများကိုတစ်မျိုးထင်ကောင်းထင်နိုင်လိမ့်မည်။ သို့သော် ဂုံချန်းအတွက် ဘယ်စကားလုံးမျိုးကမှ စိတ်မခုစေဘူး။ ဘာလို့ဆို အာ့ဒီလူက အစ်ကိုဖြစ်နေလို့ပဲ။

"မာမီက ညမိုးချုပ်ရင်စိတ်ပူတတ်တော့ ငါကအမြဲအိမ်ကိုစောစောပြန်တာ ဟိုတစ်ခါ ဂျောင်ဂုမွေးနေ့တုန်းကတောင် အန်တီဖုန်းလှမ်းဆက်ထားပေးလို့"

"ဪ.."

ဘာရယ်မဟုတ် စိတ်ထဲစနိုးစနောင့်ဖြစ်သွားတာအမှန်။ ဂျောင်ဂုအမေနဲ့ အစ်ကိုတို့ကအရမ်းကိုရင်းနှီးနေကြပြီလား။ သူတို့မပါဘဲ အစ်ကိုတစ်ယောက်တည်း ဂျောင်ဂုအိမ်ဘယ်နှစ်ခေါက်သွားလည်ပြီးပြီလဲ။ တွေးလေ ပိုပြီးမခံချင်လေဖြစ်ရတာကြောင့် လေပူတွေသာမှုတ်ထုတ်မိတယ်။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now