Part:5

598 76 2
                                    

Unicode

"ကျွန်တော့်သားရဲ့ အမှားတွေအတွက် တကယ်ကိုတောင်းပန်ပါတယ် ဥက္ကဌ"

ပါမောက္ခချုပ်ရုံးခန်းထဲတွင် ကျောင်းသားအချို့နှင့် မိဘများစုဝေးနေကြသည်။ ထယ်ယောင်းကိုပြသာနာရှာခဲ့သည့် ဒါရိုက်တာချုပ်ရဲ့သားကိုယ်စား ဖအေလုပ်သူက ခါးကျိုးမတတ်တောင်းပန်နေရတယ်။

ထယ်ယောင်းရဲ့အမေက သူ့သားကိုဒဏ်ရာရအောင်လုပ်သဖြင့် တရားစွဲမည်ဟု ပြတ်ပြတ်သားသားပြောလာတော့ ကျူးလွန်တဲ့ကျောင်းသားတွေရဲ့မိဘများက ခေါင်းပင်မဖော်ကြဘဲတောင်းပန်လာကြသည်။

ဂုဏ်သိက္ခာအညှိုးနွမ်းမခံသည့် လူတန်းစားတွေဖြစ်တာမလို့ အခုချိန် ဒီရုံးခန်းလေးထဲမှာ ဒူးထောက်ဖို့လည်းဝန်မလေးကြ။

"ကျွန်မသားကို အနာတရဖြစ်အောင် လုပ်ခဲ့သမျှတွေအတွက် တာဝန်ယူရပါမယ်"

"အာ့...အာ့လိုတော့မလုပ်ပါနဲ့ဗျာ။ ဟေ့ကောင်! ဘာရပ်လုပ်နေတာလဲ လာတောင်းပန်လေ"

ထောင့်မှာ ပေကပ်ကပ်ဖြင့်ရပ်နေသည့် ထိုသုံးကောင်က မကျေနပ်ပေမယ့် အချုပ်ကျမှာလည်းကြောက်သည်။
ဖခင်ဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းမှုတွေအဆုံး အရှေ့ကနေဦးဆောင်ထွက်လာသည်က ဒါရိုက်တာချုပ်ရဲ့သား။ အာ့ဒီနောက်မှာ ဌာနမှုးတွေရဲ့ သားများက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်လိုက်လာသည်။

"တောင်းပန်...အခုချက်ချင်း အာ့ကလေးကိုတောင်းပန်စမ်း!!"

ထယ်ယောင်းက မှင်သေသေဖြင့်ရပ်ကြည့်နေသည်။

"ငါ...ငါ တောင်းပန်..ပါတယ်... ထယ်ယောင်း"

အောင့်သက်သက်ဖြင့် တစ်လုံးချင်းဖြစ်ညှစ်ပြောနေရသည့်ပုံစံတွေက အမှန်တကယ်လုံးဝထောင့်မကျိုး။

"တကယ် တောင်းပန်ရမှာက ငါ့ကိုမဟုတ်ဘူး။ မင်းတို့နှိပ်စက်ခဲ့တဲ့ သူတွေကိုတောင်းပန်ရမှာ"

"....."

ထယ်ယောင်းရဲ့ စကားကြောင့် ပါမောက္ခချုပ်အပါအဝင် ကျောင်းသားမိဘတွေက အာရုံစိုက်လာသည်။

"သူတို့ကိုအချုပ်မကျစေချင်ဘူးဆိုရင် ကျွန်တော်တောင်းဆိုတာကို လိုက်လျောပေးနိုင်မလား"

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now