Part:16

571 66 9
                                    

Unicode

နောက်တစ်နေ့မနက်ပိုင်းတွင်ဖြစ်သည်။ ပုံမှန်နေ့ရက်များလိုပင် တက္ကသိုလ်ဝန်းအတွင်း ရှုပ်ယှတ်ခတ်နေကြသောကျောင်းသူကျောင်းသားများ။

အတန်းချိန်မရောက်ခင်အထိ သူငယ်ချင်းများစုဖွဲ့ကာ ကန်တင်းမှာတစ်ဖုံ၊ ခုံတန်းလျားတွေမှာတစ်စု၊ ဥယျာဉ်ထဲမှာလည်းတစ်ဖွဲ့ ဖြင့် ။

အနုပညာတက္ကသိုလ်ကျောင်းတော်ကြီးမှာ မနက်ခင်းနေရောင်အောက်တွင် ခံ့ညားထည်ဝါစွာတည်ရှိနေသည့်အပြင် musical play major ကျောင်းသားတစ်ချို့ရဲ့ တေးသီချင်းသံများကပါ အဝေးတစ်နေရာမှ ပျံ့လွင့်လာလေသည်။

နေရောင်ခြည်နုနုအား လက်ဖဝါးထက်ခံယူရင်း ချစ်ရသူကိုမျှော်နေရှာတဲ့ဂျောင်ဂု။

ဘယ်လိုပဲကတောက်ကဆလေးတွေဖြစ်ခဲ့ကြသည်ဆိုအုန်းတော့။ ထယ့်ကိုအကြာကြီးစိတ်လည်းမဆိုးနိုင်သလို စကားမပြောပဲလည်းမနေနိုင်။ အခုတောင် လွမ်းလှပြီ။

တရွေ့ရွေ့လျှောက်လာတဲ့ အဖြူရောင်ပုံရိပ်သဲ့သဲ့လေးက ဂျောင်ဂုရဲ့အပြုံးများကိုဖြစ်ထွန်းစေသူ။

ပခုံးစွန်းဘက်ကျော်၍ လျှောကျတော့မည့် တယောလွယ်အိတ်ကြိုးကို ခပ်မြန်မြန်ဆွဲတင်ရင်း ချစ်သူရှိရာဆီလှမ်းလာခဲ့တော့၏။

အမြဲတမ်း ခေါင်းကိုမော့ကာ ရှေ့တည့်တည့်သို့ရှုကြည့်ရင်း လမ်းလျှောက်တတ်သည့် ထယ်ယောင်းက ဒီကနေ့ စိတ်နဲ့ကိုယ်မကပ်သလိုဖြစ်ရင်း မျက်လွှာများကိုအောက်သို့စိုက်ချထားသည်။

မျက်နှာအနေအထားမှာ ယခင်လိုခံစားချက်မဲ့သယောင်ပုံစံပါပဲ။

ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ကြည်နူးခြင်းတွေဆိုတာ ထယ်ယောင်းအတွက် ဖော်ထုတ်မပြတတ်တော့သည့်ခံစားချက်တွေပင်။

မျက်စိရှေ့တည့်တည့်သို့ လာရပ်တဲ့ boots အမည်းရောင်ကြောင့်မော့ကြည့်တဲ့အခါ မျက်တောင်ရှည်များဝန်းရံထားသော ခပ်ကျယ်ကျယ်မျက်ဝန်းလေးနှစ်ဖက်က ဝိုင်းစက်ကုန်သည်။

"ထယ်"

"....."

"လာလေ လိုက်ပို့မယ်"

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now