Part:10

584 73 7
                                    

Unicode

"အာ....တစ်နေ့လုံးလေ့ကျင့်နေရတာ သေတော့မယ်ထင်တယ်ဟေး"

ဂျီမင်က ပက်လန်ကြီးလန်ပြီးအော်ဟစ်နေသည်။ မနက်တည်းက တောက်လျှောက်ဆရာက သူတို့ကို ကခိုင်းသည်။ နားချိန်လည်းမရှိသလောက်ဖြစ်ခဲ့တဲ့အပြင် ခုထိ နေ့လည်စာဗိုက်ထဲမရောက်သေးဘူး။

ခုတလော ဂျောင်ဂုကိုရှောင်နေမိတာကြောင့် ကန်တင်းဘက်ကိုမသွားဖြစ်။ သွားရင်ကျိန်းသေတွေ့နိုင်တာမို့ နှစ်ယောက်စလုံးအနေခက်လိမ့်မည်။

"ဒီနေ့တော့ ကန်တင်းသွားကြရအောင် ထယ်ယောင်းရာ..."

"မလိုက်ချင်ဘူး"

ပက်လက်လှဲထားရာမှ ငေါက်ခနဲထ၍ ထယ်ယောင်းထိုင်နေသော နေရာဆီ ဂျီမင်လျှောက်လာခဲ့၏။ ဂျောင်ဂုနဲ့မတွေ့ရတဲ့ရက်တွေမှာ ဘယ်လောက်မှိုင်တွေနေသလဲဆိုတာကို ဘေးမှလူသာအသိဆုံး။

"မင်းကိုယ့်စိတ်ကို မညာချင်နဲ့ ငါပြောတာ နားလည်လား"

"...."

"လီဂန်အူကြောင့် အများကြီးခံစားခဲ့ရတာသိပေမယ့် တွေ့သမျှလူတိုင်းကို အာ့ကောင်နဲ့လိုက်ပြီးနှိုင်းနေလို့မှမဖြစ်တာ"

"မဟုတ်ဘူး... အာ့လူနဲ့ ဂျောင်ဂုက တစ်ခြားစီပါ"

ထယ်ယောင်းက မယုံတာမဟုတ်ဘဲ ဝေခွဲရခက်နေပုံရသည်။ ဒါကြောင့်လည်း ဂန်အူနဲ့ ဂျောင်ဂုကိုမတူဘူးဆိုပြီး ချက်ချင်းတုံ့ပြန်လာတာ။ စိတ်လေးသလိုသက်ပြင်းချရင်း လက်နှစ်ဖက်အနောက်သို့ထောက်ထားလျက်ပင် ခပ်နွမ်းနွမ်းတစ်ချက်ပြုံးသည်။

"ငါစွဲလမ်းလိုက်ပြီဆိုရင်... အာ့အရာတွေက မတည်မြဲတော့ဘူး"

"...."

"တစ်ချိန်မဟုတ် တစ်ချိန်သူတို့ဘက်က ကျောခိုင်းသွားခဲ့ကြတာပဲမဟုတ်ဘူးလား"

မိသားစုနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုအတုအယောင်တွေသာရခဲ့တဲ့ ကလေးတစ်ယောက်။

ပြိုလဲပျက်စီးနေတဲ့ စိတ်ပိုင်းဆိုင်ရာကို မနည်းအားတင်းပြီးဖြတ်ကျော်နေရတုန်းမှာ ပထမဆုံးသိရှိခဲ့ရတဲ့ ရင်ခုန်သံကလည်း အစစ်အမှန်မဟုတ်ခဲ့ပြန်ဘူး။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now