အခန်း ၁၅ ။ တပည့်အတွက် ဆရာသခင်တိုက်ခိုက်

802 143 3
                                    

[Unicode]

အခန်း ၁၅။ တပည့်အတွက် ဆရာသခင်တိုက်ခိုက်

အမြန်ဆုံးအရှိန်နဲ့ ပျံလာခဲ့လို့ ယန်းယွမ်တောင်ထိပ်ကို ကူယွဲ့ ခဏနဲ့ ရောက်လာခဲ့တယ်။ သူတောင်ပေါ်ရောက်လာမှ ရှီးချိုးကို ဘယ်ဂူမှန်း မမေးမိတာ သတိရသွားတယ်။ ဒါကြောင့် တောင်ထိပ်တစ်ခုလုံးကို နတ်မျက်စိသုံးပြီး ကြည့်လိုက်တော့ တောင်ခြေက ခြံ၀န်းသေးသေးလေးထဲမှာ လူရိပ်တစ်ခုတွေ့လိုက်တယ်။

ခဏလောက် သူ့စိတ်ကို ငြိမ်အောင်ထားပြီး အဲဒီလူဆီကို တည့်တည့်ပဲ လျှောက်သွားလိုက်တယ်။ မကြားရတာကြာပြီဖြစ်တဲ့ သူ့နှလုံးခုန်သံကိုတောင် ပြန်ကြားနေရတယ်။ မကြားရတာ နှစ်သုံးရာတောင် ကြာခဲ့ပြီပဲ...နှစ်သုံးရာတောင်...။ သူအချိန်အကြာကြီး စောင့်နေခဲ့ရတဲ့သူက နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ။

ခြံထဲကိုမ၀င်ခင် လက်ကိုကွေးလိုက်ပြီး ကူယွဲ့ ခံစားမှုမရှိတဲ့မျက်နှာထားကို ထိန်းထားဖို့ အသက်၀၀ရှူလိုက်တယ်။ ထျန်းလျန်လောကသုံးသွယ်မှာ အကြီးမြတ်ဆုံးသူရဲကောင်းဖြစ်တဲ့ ဓားသိုင်းကျင့်ကြံသူ ယိချင်းကို တွေ့ရတော့မယ်။ သူ ခေါင်းကိုမော့ပြီး ဓားစွမ်းအင်ချီတွေနောက် ခြေရာခံပြီး လိုက်ခဲ့တယ်။ ဒီအချိန်မှာ ယိချင်းဘယ်လိုပုံစံရှိပြီး ဘာလုပ်နေမယ်ဆိုတာ သူမသိဘူး။ ကြည့်ရတာ ဓားသိုင်းကျင့်ရင်ကျင့် မဟုတ်ရင် ဓားဆန္ဒကို နားလည်ဖို့ကြိုးစား...ဒါမှမဟုတ်ရင် ဟင်းချက်....။

ဟင်.....

လောကသုံးသွယ်ရဲ့ အကြီးမြတ်ဆုံးတိုက်ခိုက်ရေးသမား ဓား၀ိဇ္ဇာက ဟင်းချက်နေတယ်တဲ့လား။ နည်းနည်းတော့ နှိမ့်ချလွန်းရာ ရောက်မနေဘူးလား။

(╯‵□′)╯(┻━┻

ကူယွဲ့ လည်ချောင်းထဲ တစ်ခုခုက တစ်ဆို့လာသလိုပဲ။ ပြီးတော့ သူ့ပါးစပ်ထဲက သွေးတွေအတောင့်လိုက် ထွက်ကျလာတယ်။ သူ ကန်းနေပြီ...ဟုတ်တယ် သူကန်းနေပြီနေမှာ။

"ဟေး...ချင်း...နင်ပြီးပြီလား"

"ဆရာ...ခဏလေးပဲစောင့်။ ခဏနေရင် ကျက်ပြီ" ယိချင်းလက်ထဲက ယောက်မက လေအလျင်လိုပဲ ရွေ့လျားသွားတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now