အခန်း ၂၄ ။ ကြောက်မက်စရာ သတ်ဖြတ်လိုသောအငွေ့အသက်

401 92 2
                                    

အခန်း ၂၄ ။ ကြောက်မက်စရာ သတ်ဖြတ်လိုသောအငွေ့အသက်

ချီချန်းယွီက ပြန်‌သက်‌သာအောင် သားရဲဆေးလုံးကို အသုံးချပြီး တစ်ညလုံးအနားယူလိုက်မှ သူမသွေးကြောတွေထဲက အစိတ်အပိုင်းလေးတစ်ခုစာ နောက်‌ဆုံးတော့ သက်သာလာခဲ့တယ်။ အရင်တုန်းက သူ မဟူရာကောင်းကင်ဂိုဏ်းရဲ့ ခြေရာခံတာကို မိသွားမှာစိုးရိမ်တာမို့ တမင်သက်သက် ချီရှားပါးတဲ့နေရာတွေဆီ သွားလာခဲ့ရတာ။ ဒါပေမဲ့ အဲဒါကပဲ သူမ ပြန်ကုစားတာကို နှောင့်နှေးစေခဲ့တယ်။ တစ်ခုတည်းသော ဝမ်းသာစရာက သူမဒဏ်ရာဟာ ပိုမဆိုးလာတာပဲ။ ကံကောင်းတာက သူမ မင်ယင်တောင်ဆီ ပြန်နိုင်တော့မှာ၊ ဒါပေမဲ့ စိုးရိမ်ရတဲ့ တစ်ခုတည်းသောအရာက...

ရှန်းရင် ဘာဖြစ်သွားမလဲ။

သူ အရပ်မျက်နှာတွေလည်း မသိပုံနဲ့ ငါသာ မင်ယင်တောင်ကို‌ပြန်သွားရင် သူတစ်ယောက်တည်း ငတ်သေမှာ မဟုတ်လား။

သူ ပြန်ပေးဆွဲမိတာ ဓားစာခံလား၊ ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးလား။

"ရှန်းရင်..." ဒါပေမဲ့ သူမ စကားစပြောမဲ့ဆဲဆဲ လေပြင်းသံတွေကို ရုတ်တရက်ကြားလိုက်ရတယ်။ သတိဝင်ပြီး သူမဘေးကလူကို ဖမ်းဆုပ်ကာ ခြေလှမ်းတစ်ရာစာနောက်ဆုတ်လိုက်တယ်။ နောက်တစ်စက္ကန့်မှာပဲ ယင်ချီတွေ လွှင့်ထုတ်နေတဲ့ ဓားတစ်ချောင်းက သူတို့စောနကရပ်နေတဲ့နေရာကို စိုက်ဝင်သွားလေရဲ့။

"ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း" သူမ တောအုပ်ညာဘက်ကိုကြည့်လိုက်တယ်။

တစ်ခဏအကြာမှာတော့ အရိပ်နှစ်ခုက တောအုပ်ထဲကနေထွက်လာပြီး နှစ်ယောက်လုံး ခဲရောင်ဝတ်ရုံတွေ ဆင်မြန်းထားတယ်။ ရှေ့က လျှောက်လာတဲ့တစ်ယောက်က ပြုံးလိုက်တော့ အရိုးပေါ်နေတဲ့ပိန်ကပ်ကပ်မျက်နှာတစ်ခြမ်းပေါ်လာလေရော။

"ဟာ့၊ အဲတော့ ဒါ အနိစ္စမိစ္ဆာသခင်ကိုး၊ နှောင့်ယှက်မိတာတောင်းပန်ပါတယ်ဗျာ"

"ပိဟောက်လား၊ နင်က သွေးမိစ္ဆာယွိယန်ရဲ့ နောက်လိုက်အစောင့်အရှောက်ပဲ" ချီချန်းယွီက မကောင်းတဲ့အကြံအစည်နဲ့ ချဉ်းကပ်လာတဲ့ ဒီနှစ်ယောက်ကို ပိုသတိကြီးကြီးထားလိုက်တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now