အခန်း ၂၅ ။ ယင်ခန္ဓာ

389 81 4
                                    

အခန်း ၂၅ ။ ယင်ခန္ဓာ

“သစ်တောအပြင်ဘက်က ကျင့်ကြံသူမြို့ကိုတွေ့လား၊ မြို့ထဲမှာ မဟူရာကောင်းကင်ဂိုဏ်းကိုသွားနိုင်တဲ့ ရွှေ့ပြောင်းအစီအရင်တစ်ခုရှိတယ်” ချီချန်းယွီက ရှေ့ကလမ်းကို လက်ညှိုးထိုးပြလိုက်တယ်။

သားရဲဆေးလုံးနဲ့ ပိဟောက်စီက သက်စောင့်ဆေးလုံးကို သောက်ပြီးတဲ့နောက်မှာ သူမရဲ့ဒဏ်ရာက အပြည့်အဝ ပြန်ကောင်းလုနီးပါးဖြစ်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ အန္တရာယ်များတဲ့တောအုပ်ကနေ ထွက်သွားလိုက်တာပေါ့။ အစတုန်းက မင်ယင်တောင်တန်းကို ပြန်ဖို့ ရည်ရွယ်ထားပေမဲ့ ပိဟောက် သယ်လာတဲ့သတင်းက သူ့စိတ်ကို ပြောင်းသွားစေတယ်။ ရှန်းရင်ကိုခေါ်သွားတာကတော့ ဉာဏ်ရှိတဲ့လုပ်ရပ် မဟုတ်တာသိသာနေတယ်။ ဒါပေမဲ့ အရပ်မျက်နှာကို သေသေချာချာမသိတဲ့ သူ ရှန်းရင်ကို တစ်ယောက်တည်း ထားခဲ့ရလောက်အောင်လည်း သူမစိတ်ထဲမှာက အဆင်မပြေဘူးလေ။ ဒါကြောင့်မို့လို့ နောက်ဆုံးအချိန်မှာ သူ့ရဲ့လမ်းကြောင်းကို ပြောင်းပြီး ကျင့်ကြံသူမြို့ကို လာလိုက်တော့တာပဲ။

“ကောင်းပြီ နင်ဒီကနေ သွားလို့ရတယ်။ တည့်တည့်သွားရင်မြို့ထဲရောက်သွားလိမ့်မယ်။ ပြီးရင် လမ်းအဆုံးထိ ပင်မလမ်းကနေလျှောက်သွား အဓိကလမ်းမကြီးကနေ လျှောက်သွားလိုက် ပြီးရင် ညာဘက်ချိုး နေရာရွှေ့ပြောင်းအစီအရင်ကို နင်တွေ့လိမ့်မယ်”

“ကောင်းပြီလေ”

“နင် ဂရုစိုက်၊ ခဏနေအုံး... နင်ဘယ်သွားနေတာလဲ။ ငါတည့်တည့်သွားလို့ ပြောနေတာလေ… အဲဒါတည့်တည့်လား မဟုတ်ဘူးလေ ဘာကြောင့်ညာဘက်ကိုသွားနေတာလဲ။ ဂိတ်က အဲဒီမှာ ပြန်လာခဲ့ ”

သစ်ပင်တစ်ပင်ကို ကျော်ပြီးသွားတာနဲ့ ချက်ချင်းပဲ အရပ်မျက်နှာတွေ ရောသွားတဲ့ မိန်းကလေးကို ကြည့်ပြီးတော့ ချီချန်းယွီက ရွေးချယ်စရာမရှိဘဲ လိုက်တားရတော့တာပဲ။

“နင်ကန်းနေလား လမ်းကိုကြည့်လေဟေ့..ပြန်သွားချင်တာလား မသွားချင်ဘူးလား”

“ငါထင်တာ ဒီလိုပဲ”

ရှန်းရင်က ဦးခေါင်းကို ဘယ်ညာကြည့်ပြီး အေးရာအေးကြောင်း အမူအရာ ရှိနေတုန်းပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now