[Unicode]
အခန်း ၆။ တပည့်အဖြစ်... စေတနာ့အမှုထမ်းအဖြစ်
ရှန်းရင် နိုးလာချိန်မှာတော့ မိုးချုပ်နေပြီ။ ယုန်တွေလည်းမရှိတော့ဘူး။ သူမနဲ့ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ သွေးစွန်းနေတဲ့ အဖြူရောင်ဝတ်စုံနဲ့ လူကလွဲပြီးပေါ့။ သူ့မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်နေတဲ့ဟန်နဲ့ ရှန်းရင်ကိုကြည့်နေတယ်။
ရှန်းရင် ခဏတာ ခေါင်းထဲဗလာ ဖြစ်နေတယ်။ နောက်တော့မှ ဒီလူဘယ်သူလဲဆိုတာ ပြန်သတိရသွားတယ်။
အိုး...အဲမြေတွင်းကောင်ကိုး။
"ယုန်တွေ ဘာဖြစ်သွားတာလဲ၊ သူတို့ဘယ်ရောက်သွားတာလဲ" သူမက ဘေးဝန်းကျင်ကို ကြည့်မိတော့ တဲအိမ် ပြင်ပြီးသားဆိုတာ နားလည်သွားတယ်။ အရင်ကထက်တောင် ပိုပြီးကြီးသွားသေး။ ကောက်ရိုးအိမ်သေးလေးကနေ ငါးခန်းတောင်ပါတဲ့ ကောက်ရိုးအိမ်ကြီးဖြစ်သွားပြီ။တော်လိုက်တဲ့ယုန်တွေပဲ။
"သူတို့ အိမ်ပြင်ပြီးသွားတော့ မင်းအိပ်ပျော်နေတာ နှောင့်ယှက်မိမှာ ကြောက်လို့တဲ့၊ ဒါကြောင့် အရင်ပြန်သွားတာ" ယိချင်းက စားစရာတွေကိုညွှန်ပြလိုက်တယ်။
"ဒါယုန်ဘုရင်ထားသွားတာ၊ ဒီနေ့ရဲ့ဝေစုတဲ့"
"အိုး" ရှန်းရင်ကခေါင်းကုတ်ပြီး ပျင်းကြောဆန့်လိုက်တယ်။ သူမ စားသောက်ဖွယ်ရာတွေဆီ လျှောက်သွားပြီး စိမ်ပြေနပြေ တစ်ခုချင်းစီ ကောက်နေလိုက်တယ်။
သူမ မျက်ခုံးတွေထပ်ရှုံ့မဲ့သွားတယ်။
"ဘာလို့မုန်လာဥတွေထပ်ဖြစ်ပြန်ပြီလဲ...ဟင်း... သူတို့တွေက တကယ့်ယုန်အစစ်တွေပဲ၊ မနေ့ကကျ တရုတ်မုန်လာ၊ ဒီနေ့ကျ မုန်လာဥဖြူ၊ ချီးပဲဟ၊ အစိမ်းရောင်မုန်လာဥတောင် ပါသေးတယ်၊ နောက်နေ့ကျ ငါ့ကိုခရမ်းရောင်မုန်လာဥပေးမယ်ထင်တယ်"
ယိချင်း သူမနောက်ကလိုက်လာရင်း အတွေးတွေဖြတ်ပြေးသွားတယ်။ နှစ်တစ်သောင်း ရေခဲဂျင်ဆင်းနဲ့ နှစ်တစ်ထောင် အစိမ်းရောင်ဝိညာဉ်ကြောကိုတောင် သာမန်မုန်လာဥလို့ သတ်မှတ်တယ်ပေါ့—တကယ့်ကို ရွက်ပုန်းသီးပညာရှင်ပဲ။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်)
Romance"ဆရာလား၊ အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူ... ကျွန်တော်တို့လဲ မကြားဖူးရပါလား" "ငါ့ဆရာက. . . အယ်... ဆရာရော၊ ဆရာ.. အယ် ငါ့ဆရာရော ငါ့ဆရာကို တွေ့မိကြသေးလား..." သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။ "ငါ ဒီမှာဟဲ့..." Myanmar Tr...