အခန်း ၁၉ ။ ကျင့်ကြံခြင်းလောကအကြောင်း အထွေထွေဗဟုသုတ

438 97 3
                                    

အခန်း ၁၉ ။ ကျင့်ကြံခြင်းလောကအကြောင်း အထွေထွေဗဟုသုတ

ကူယွဲ့က ရှန်းရင်ကိုပါ ဆွဲခေါ်ပြီး အထီးကျန်ကျွန်းထဲကို ပျံလာခဲ့တယ်။  အနားနီးလာလေ ဓားချီစွမ်းအင်တွေက ပိုပြီးသိပ်သည်းလာလေပဲ။ ဓားချီတွေက ကျွန်းပတ်ပတ်လည် ၁.၅ ကီလိုမီတာလောက် လွှမ်းခြုံထားတာ။ သူ လေထဲမှာပဲခဏရပ်နေလိုက်ပြီး အားကောင်းလှတဲ့ ချီတွေလွင့်နေတဲ့ ကျွန်းဖက်ကို လှမ်းကြည့်နေရတယ်။ လေထဲက ဝိညာဉ်ချီစွမ်းအင်တွေ သိပ်သည်းလာပုံက တစ်စုံတစ်ရာကနေ ဆွဲငင်ယူနေသလိုပဲ။ သူတို့က ဓားချီတွေနဲ့ပေါင်းသွားပြီး ကျွန်းဖက်ကို‌ ရွှေ့နေတယ်။ ကြည့်ရတာ အစိုင်အခဲတစ်ခုခုဖြစ်ဖို့ သိပ်သည်းနေသလိုပဲ။

"နင်ဘာလို့ဆက်မသွားတော့တာလဲ"

ရှန်းရင်က သူ့ရှေ့ကလူကို လက်နဲ့ပုတ်ပြီးမေးလိုက်တယ်။

"မင်း သေချင်လို့လား"

သူ အနောက်ကိုလှည့်ပြီး မျက်ဆန်လှန်လိုက်တော့တယ်။

"ကောင်းကင်မှာ ဓားချီတွေနဲ့ပြည့်နေတာ မမြင်ဘူးလား၊ အပိုင်းပိုင်းပြတ်မလာရင်တောင် အံ့ဖွယ်ဖြစ်နေပြီ"

"ဓားချီ ဟုတ်လား"

ရှန်းရင်က သူမခေါင်းလေးကို စောင်းလိုက်တယ်။

"အဲဒါ ဘာကြီးလဲ"

"ဓားသိုင်းကျင့်ကြံသူ ဉာဏ်အလင်းပွင့်နေတုန်းမှာ တောက်ပညာကိုနားလည်ဖို့အတွက် သူ့ကိုယ်ထဲက ဓားချီတွေ အကုန်ထုတ်ပစ်ရတယ်၊ ဒီအချိန်မှာ ဓားချီတွေက မူလ၀ိညာဉ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာမဟုတ်တော့ အနီးနားကလူတွေကို တိုက်ခိုက်နိုင်တယ်"

"အော်"

"မင်းက ဘာကြောင့် ခေါင်းယမ်းပြီး အော် လို့ပြောရတာလဲ၊ နားမလည်ရင် ပြောသာပြော"

"ငါ နားမလည်ဘူး"

" ဒီလိုသောက်ကျိုးနည်း”

သူ တွေးထားတဲ့အတိုင်းပဲ။ ကူယွဲ့ နှုတ်ခမ်းကိုမဲ့ပြီး ရှန်းရင်ကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။

"မင်းပြောတော့ ဒီလောကကို ရောက်နေတာ လေးလရှိပြီဆို၊ ဒါတောင်မသိဘူးလား၊ လေးလလုံး မင်းဘယ်လိုနေခဲ့တာလဲ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now