အခန်း ၁၈ ။ သရဲဘုရင်ကို ဖယ်ရှားခြင်း

747 130 13
                                    

အခန်း ၁၈ ။ သရဲဘုရင်ကို ဖယ်ရှားခြင်း

ထမင်းစားပြီးတာနဲ့ ဒီငပျင်းမကို ပင်လယ်ကျွန်းထဲဆွဲခေါ်သွားမယ်ကြံတုန်း တပည့်တစ်ယောက်က အလောတကြီးရောက်လာပြီး သူ့ကိုနှုတ်ဆက်တယ်။

"ဆရာသခင်ကို အရိုအသေပေးပါတယ်"

"မင်းက တောင်ထွတ်က တပည့်မလား"

ကူယွဲ့ မျက်မှောင်ကျုံ့လိုက်တယ်။

"ရှီးချိုးက ငါ့ကို ဘာကိစ္စရှာတာတဲ့လဲ"

"ဆရာသခင်... ဂိုဏ်းခေါင်းဆောင်က ၀ိညာဥ်စုပ်တံခွန်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေ တွေ့နေရလို့ ဆရာသခင် လာရောက်စစ်ဆေးပေးပါဦးလို့ ပြောခိုင်းလိုက်ပါတယ်"

"၀ိညာဥ်စုပ်တံခွန်ကို မဖယ်ရှားရသေးဘူးလာ"

ကူယွဲ့က လန့်ဖျပ်သွားတယ်။

လွန်ခဲ့တဲ့သုံးရက်လောက်က သူ ဖယ်ရှားအစီအရင်အကြီးကြီး ချခဲ့တာပဲ။ တကယ်တမ်းဆို  ၀ိညာဥ်စုပ်တံခွန်ထဲက မကောင်းဆိုး၀ါး၀ိညာဉ်တွေက ဘယ်လောက်ပဲ အင်အားကြီးကြီး ပျောက်သွားသင့်နေပြီ။ မမြင်နိုင်တဲ့တစ်ခုခုများ ထပ်ဖြစ်လာပြန်တာလား။

"ကျင်ချင်းခန်းမကိုသွားမယ်"

သူ့တပည့်ကို ချက်ချင်း အချက်ပြလိုက်တယ်။ ဒါပေမဲ့ သူဓားပျံပေါ်တက်ခါနီးမှာပဲ တစ်ခုကို တွေးမိသွားတာနဲ့  ရှန်းရင်ကို ကုပ်ကနေသွားမလိုက်တယ်။

"အိပ်မနေနဲ့၊ ၀ိညာဥ်စုပ်တံခွန်ကို မင်းယူလာတာမလား၊ လာ ငါနဲ့လိုက်ခဲ့"

“…”

သောက်ပြဿနာတစ်သိန်းပဲကွား!

သူတို့နှစ်ယောက်လုံး ကျင်ချင်းခန်းမဆီကို ချောချောမွေ့မွေ့ပဲ ရောက်လာတယ်။ သူတို့ခန်းမထဲ ၀င်လာတဲ့အချိန်မှာတောင် ရှီးချိုးမျက်နှာက မသာမယာနဲ့။

"ဆရာသခင်ဦးလေး"

ရှီးချိုးက လက်သီးဆုပ်ပြီးအရိုအသေပေးတယ်။ ပြီးတာနဲ့ ခန်းမထဲကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။

"နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဒီကိုလာပြီး ၀ိညာဥ်စုပ်တံခွန်ကို ကြည့်ပါဦး"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now