အခန်း ၇ ။ အတင်းချိတ်ပိတ်ခြင်း

2.7K 492 17
                                    

[Unicode]

အခန်း ၇ ။ အတင်းချိတ်ပိတ်ခြင်း

ပြဿနာကြောင့် စိတ်ရှုပ်သွားရင်း ရှန်းရင်လည်း သူအရင်ကလုပ်ခဲ့တဲ့အတိုင်းပဲ လုပ်ရရှာတော့တယ်: အသားကို ရေထဲပစ်ချ၊ ကျက်အောင်စောင့်၊ ပြီးရင်စားဖို့ပြန်ဆယ်။ သူမ ချက်ပြီးသွားတော့  တစ်ကိုက် ကိုက်ကြည့်လိုက်တယ်။ အရသာကဖွဲတဲတဲဖြစ်လို့ ပါးစပ်တောင်ထုံသွားသလိုပဲ - မျှော်လင့်ချက်မြင့်မားလေ အမှန်တရားက ခါးသက်လေပေါ့...။

သူမ ပါးစပ်ဖွင့်ပြီးထွေးထုတ်လိုက်တယ်။ ထွီ ထွီ ထွီ။

စိတ်ပျက်ဖို့ကောင်းလိုက်တာ...။ အရင်တုန်းကတော့ ဗိုက်မဆာရုံသက်သက်ဆိုတော့ သူမကို သိပ်ပြီးစိတ်အနှောင့်အယှက်မပေးခဲ့ဘူး။ ဒါပေမဲ့ အခုက ယုန်ကလည်း သူ့ကို ချက်စရာပြဿနာကိစ္စ ဖြေရှင်းပေးထားတာ အစားအသောက်က ဘာလို့စားလို့မရဖြစ်နေတာလဲ။

တကယ်ပဲ ချက်ပြုတ်ခြင်းအနုပညာက အင်မတန်လေးနက်တဲ့အသိပညာပဲ။

သူမ တိတ်တဆိတ်ခေါင်းလှည့်ရင်း သူမရဲ့ လက်တိုလက်တောင်းလေးကို ကြည့်လိုက်တယ်။

"နင်ဘယ်လိုချက်ပြုတ်ရလဲသိလား"

ယုန်လေးက တုန်သွားပြီး ခေါင်းကို အပြင်းအထန်ခါလိုက်တယ်။

"ကျွန်တော်က ယုန် စားပဲစားတာ! ဟင်းတစ်ခါမှမချက်ဖူးဘူး၊ ပြီးတော့ ကျွန်တော်... ကျွန်တော် မီးလည်းကြောက်တယ်"

အိုကေ သူမ လက်မြှောက်လိုက်ပြီ။ သူမ ပုံမှန်အစားအသောက်စားရဖို့ ကံပါပုံမပေါ်ဘူး။

အစွမ်းတစ်ခုရှိဖို့ကလည်း အရေးကြီးတယ် ပြသွားတာပဲ။ သူမ တက္ကသိုလ်က ဟင်းချက်နည်းအနုပညာလေးတွေ သင်ပေးသင့်တာ။ ရှန်းရင်စိတ်ပျက်လက်ပျက်နဲ့ ငိုက်စိုက်နေမိတယ်။ အခုတော့ အစားအသောက်လည်း အလဟဿဖြစ်ပြီ။ တခြားဘာမှလည်းမရှိဘူး...။

သူမအကြံတစ်ခု ရုတ်တရက် ရသွားတယ်။

နောက်လှည့်ရင်း သူမ အိမ်ရှေ့တံခါးဆီအပြေးသွားပြီး တွန်းဖွင့်လိုက်တယ်။ ပြီးတော့ ခြံဝန်းထဲထိုင်နေတဲ့သူဆီ ပြေးသွားတော့တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now