အခန်း ၄ ။ ဓားသမားလေးယိချင်း

2.6K 465 26
                                    

[Unicode]

အခန်း ၄။ ဓားသမားလေးယိချင်း

ယိချင်းနိုးလာတဲ့အခါမှာတော့ သူ  ခုနကရှိနေတဲ့ခြံဝန်းထဲက နေရာလေးမှာတင် လဲနေတုန်းဆိုတာ သိလိုက်ရတယ်။

ဒဏ်ရာပြင်းထန်မှုနဲ့ အမြင်ခပ်ဝါးဝါးဖြစ်နေမှုကြောင့် အရိပ်နှစ်ခုသဏ္ဍာန်ကိုပဲမြင်ရတယ်။ တစ်ယောက်က မီးခိုးရောင်၊ တစ်ယောက်ကအဖြူရောင် နှစ်ယောက်လုံးစကားပြောနေဟန်ပဲ။ အဖြူရောင်အရိပ်ခပ်ကြီးကြီးက မိစ္ဆာအငွေ့အသက်ခပ်ဖျော့ဖျော့ထုတ်လွှင့်နေတယ်။

မိစ္ဆာတွေ ဒီနေရာမှာရှိနေတာလား...။

သူ စိုးရိမ်သွားတယ်။ သူ့ကိုယ်သူအတွက်တော့မဟုတ်ပါဘူး။ သူ ခုနက တွေ့ခဲ့ရတဲ့ မိန်းကလေးအတွက်ပါ။ သူမအဆင်ရောပြေရဲ့လား။ ဒါပေမဲ့ သူအရမ်း အားကုန်ခမ်းနေတာကြောင့်မို့ သိပ်မကြာခင်ပဲ သတိပြန်မေ့သွားတော့တယ်။

ဒုတိယအကြိမ်သူပြန်နိုးလာချိန်မှာတော့... သူအဲဒီနေရာမှာ ရှိနေတုန်းပဲ။ အနေအထားလေးတောင် မပြောင်းဘူး။ ဒီတစ်ခေါက်တော့ နည်းနည်း ပိုသက်သာလာပြီ။ အသံတွေကိုလည်း ဝိုးတိုးဝါးတားကြားရလာတယ်။

"မြင့်မြတ်တဲ့နတ်ဒေဝါရှန်း ကျွန်တော်နောက်တစ်ခေါက် ပြန်ရောက်လာတာ၊ လာကြည့်ပါဦး၊ ဒါမိစ္ဆာနယ်ပယ်မှာအရသာရှိဆုံး အစားအသောက်ပဲ!"

"မုန်လာဥလား"

"ဟုတ်တယ်၊ အရည်ရွှမ်းပြီး အရသာလည်းရှိတယ်၊ အရောင်ကိုတင် ကြည့်ပါဦး၊ ရေဓာတ်လည်း အများကြီးပဲ၊ ကျွန်တော်တို့တွေစားရတာအကြိုက်ဆုံးပဲ"

"အာ...ငါထင်သလိုပါပဲလေ၊ နင်ကတကယ့်ယုန်ပဲ၊ တခြားတစ်ခုခုပြောင်းလို့မရဘူးလား"

"မြင့်မြတ်တဲ့နတ်ဒေဝါသဘောအတိုင်းပါ၊ ကိစ္စမရှိပါဘူး၊  မြင့်မြတ်တဲ့နတ်ဒေဝါ ဘာများအလိုရှိပါသလဲ"

"အင်း၊ တစ်ခုရှိတယ် နင်..."

အဲအရာကဘာလဲဆိုတာတော့ သူ မသိလိုက်ရဘူး။ သူနောက်တစ်ကြိမ်မေ့သွားပြန်တယ်။

တတိယအကြိမ်သူနိုးလာတဲ့အခါမှာတော့ သူ ထပ်ပြီး...ထပ်ပြီး...ထပ်ပြီး...ခြံဝန်းထဲလဲနေတုန်းပဲ အင်း အရင်တစ်ပုံစံတိုင်းပဲ။ -_-|||

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (မြန်မာဘာသာပြန်) Where stories live. Discover now