Chapter - 42

4.6K 335 75
                                    

Unicode
~~~~~~~

မြို့ထဲသို့ဝင်လာယုံနှင့် ပန်းရနံ့သင်းသင်းလေးက စည်းကြိုလို့နေသည် ။ ကားလမ်းမကြီးရဲ့အလယ် ပလက်ဖောင်းပေါ်၌ ပန်းရောင်စုံစိုက်ပျိုးထားပြီး ပတ်ဝန်းကျင်အား လှပစေကာ မွှေးရနံ့တွေကြောင့် စိတ်ရွှင်လန်းစေသည် ။

ဧကရာဇ်မောင် ကားပြတင်းပေါက်ကနေပြီး လှပသည့်မြို့ရဲ့အလှကို ကြည့်ရှုနေခဲ့သည် ။ ဒီကမ္ဘာကြီးထဲက နေရာသေးသေးလေးတစ်ခုမှာ လှပတဲ့မြို့ငယ်လေးတည်ထောင်နိုင်ခဲ့ပြီး သူမြတ်နိုးရတဲ့လူရဲ့အငွှေ့အသက်ဖြစ်တဲ့ ပန်းရနံ့ကိုရရှိအောင်ဖန်တီးထားကာ အမြဲသတိရနေစေသည် ။

၄ နှစ်သာသေဆုံးနေခဲ့သည့် နှလုံးသားလေးဟာလဲ ယခုတော့စတင်လှုပ်ရှားလာပြီး အနှစ်နှစ်အလလ ရှာဖွေနေတဲ့လူကို ပြန်တွေ့ရဖို့မစောင့်နိုင်တော့ပေ ။ ထိုလူကသူဆိုတာ မသေချာသေးပေမဲ့ ဧကရာဇ်ရဲ့နှလုံးသားလေးကတော့ မရပ်မနားခုန်ပေါက်နေ၏ ။

* ငါအရမ်းကြီး မျှော်လင့်ထားလို့မဖြစ်ဘူး … စိတ်အေးအေးထားရမယ် … ဒါကတိုက်ဆိုင်ယုံသက်သက်ပဲဆို ငါထပ်ပြီးနာကျင်ရလိမ့်မယ် … ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး … ဒါပေမဲ့ သေချာအောင်သွားကြည့်တာက အကောင်းဆုံးပဲ *

အရှေ့ခန်းမှာကားမောင်းနေတဲ့ ဘော်ဒီဂတ်က တစ်ချိန်ကမုဒြာအားအနီးကပ်စောင့်ကြည့်ပေးရတဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်ပြီး ဧကရာဇ်မောင်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်သည် ။ သူ့နာမည်က လင်းထက်ဖြစ်သည် ။ သူအလုပ်လုပ်လာတဲ့တစ်လျှောက်မှာ သခင်ကြီးရဲ့ ခုလိုစိတ်လှုပ်ရှားနေပုံကို မတွေ့ဖူး၍ လင်းထက်လဲအံ့ဩနေသည် ။

လုပ်ငန်းကိစ္စအကြီးကြီးတွေ ကိုင်သွယ်နေချိန်မှာတောင် နည်းနည်းလေးမှစိတ်မလှုပ်ရှားပဲ သိကျပြတ်သားစွာလုပ်ကိုင်နိုင်တဲ့ သခင်ကြီးလိုလူက မုန့်ဆိုင်ကကောင်လေးကိုတွေ့ဖို့အတွက် စိတ်တွေကနာမငြိမ်ဖြစ်နေ၍ အံ့အားသင့်နေသည် ။

"  သခင်ကြီး … ဆိုင်လိပ်စာ အသိအကျလေး ပြန်ပြောပါလား "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now