***" ဒယ်ဒီ"ဆိုတဲ့ အသံချိုချိုလေးက နိူင်းယှဉ်ပြစရာကင်းမဲ့ခဲ့ပြီ****" ကောင်းပြည့်...အစ်ကိုတို့ညနေ မြို့ထဲ ခဏထွက်လည်ရအောင် ၊ ဖိုးသားလေးရော ညအစောပိုင်း ပြန်လာမယ်လေ၊ ပြီးတို့ ဒီမြို့လေးရဲ့ဘုရားတွေရော ဖူးချင်တယ်၊ night out ထွက်ရအောင် ခဏ dinner လည်း အပြင်မှာစားကြမယ်"
" woo..အစ်ကိုက ထူးထူးဆန်းဆန်းပါ့လား ၊ ဘာလဲ ဘာတွေကြိုမြင်နေလို့လဲ အစ်ကို ၊ ကျွန်တော်တို့က အဆင်ပြေတယ်နော်၊ သားသားသာသိရင် ပိုပျော်နေမှာ သားသားရေ ..လာအုံး ပါးပါးဆီ"
" ဟား...မဟုတ်ရပါဘူးကွာ ၊ အစ်ကို က ကောင်းစစ်လေးနဲ့ ညစာ အပြင်ထွက်စားမလားလို့ .."
" ပါးပါး..ဦးဦးမြဲပေါ်ထိုင်မှာ ..ပါးပါးလေးမှာစိုးလို့ ဟီး"
"အယ် သားသား.."
" ဟား...ဘယ်လိုဖြစ်ရတာတုန်း၊ ဦးဦးမြဲကြ လေးစေပေါ့လေ ဟုတ်လား လူလည်လေး ..."
တော်ပါပြီ ဒီအခြေအနေလေးကို ပိုင်ရတဲ့ အခိုက်အတန့်လေး ကြုံဖူးခဲ့သည့် အချစ်ရဲ့ရသကို ကျွန်တော် သိပါပြီ၊ ကျေနပ်ပါပြီ။ ဒီလောက်ဆိုတော်ရောပေါ့ ၊ ကိုယ်ဘေးမှာ ကိုယ်မပိုင်တဲ့အရုပ်လေး ပြုံးပျော်နေတယ်၊ သူ့ရဲ့ ကလေးငယ်လေးကပါ ကိုယ်အပေါ်ခင်တွယ်နေတယ် ဒီအခြေအနေဆိုတော်ရောပေါ့။ လောဘ ထက်မတပ်ချင်တော့ဘူး ၊ လောဘမရှိလို့မဟုတ်ဘူး၊ မစခင်ကတည်းက ကိုယ့်အတွက် ဇာတ်သိမ်းသိနေခဲ့လို့၊ မပိုင်ရတော့မှန်းသိနေလို့။ ကျွန်တော်ရဲ့ ချစ်ခြင်းကြောင့် ကိုယ်ရဲ့ချစ်ခင်ရသူလေး ပြုံးပျော်နေရတာ မြင်ရုံနဲ့ ကျေနပ်နေပါပြီ။ ကိုယ့်ချစ်ရသူလေးတို့ ပြုံးပျှော်နေသည် မြင်ခွင့်ရတာ ဘဝရဲ့ကျေနပ်ခြင်းရသတစ်ခုပဲမဟုတ်လား။
"ဖိုးသားလေး ...ဦးဦးမြဲက ညနေ မြို့ထဲ လျှောက်လည်ကြမယ်တဲ့ ၊ အပြင်မှာပဲ ညစာ စားမယ်တဲ့ သားသား သဘောကရော ၊ပါးပါး ငြင်းလိုက်ရမလား ..ဟင် ကလေးလေး"
" no....no.....I like ပါးပါး ၊ ပါးပါး မငြင်းရဘူးနော် ခုဆို ဘိုးဘိုးကျော်လည်း ရှိဘူး တီတီလေးရော မရှိတော့ သားသား ပျင်းနေတယ်လေ ပါးပါးရယ် လို့ ...အင့် "

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...