Chapter - 43

3.9K 357 60
                                    

Unicode
~~~~~~~~

ရုံးမှာ ဥက္ကဌက ကဝန်ထမ်းတွေအတွက် မုန့်ယူလာပေး၍ ပွက်လောရိုက်နေကြသည် ။ အားလုံးကအလုပ်ကို ပင်ပင်ပန်းပန်းကြိုးစားကြသူတွေမို့  ဥက္ကဌဧကရာဇ်မောင်က ခရီးကပြန်လာတိုင်း စားစရာများဝယ်ကျွေးလေ့ရှိသည် ။ ဒီတစ်ခါတော့ လှပတဲ့ဒီဇိုင်းသစ်လေးတွေနဲ့ အရာသာရှိလှတဲ့မုန့်မျိုးစုံကို ယူလာပေးသည် ။

" ကျေးဇူးပါသူဌေး … ကောင်းကောင်းစားပါ့မယ် "

" အရသာရှိလိုက်တာ "

" ဒါက ကျမအရမ်းစားဖူးချင်နေတဲ့မုန့်ပဲ … ကျေးဇူးပါသူဌေး "

ဒီနေ့က ပင်ပန်းနွမ်းနယ်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ပျော်ရွှင်ရတဲ့နေ့တစ်နေ့ဖြစ်လာခဲ့သည် ။ လက်ဆောင်ကတန်ဖိုးမကြီးပေမဲ့ စားရသူတိုင်းရဲ့စိတ်ကို ပျော်ရွှင်စေပြီး ကောင်းမွန်တဲ့အရသာကိုပေးစွမ်းနိုင်သည် ။ ဧကရာဇ်မောင်ကိုယ်တိုင်ကလဲ စိတ်ပျော်ရွှင်နေပြီး မျက်နှာကပြုံးလို့နေသည် ။

အတွင်းရေးမှူးကလဲ သူဌေးသူ့အတွက်ယူလာတဲ့မုန့်ကိုစားကြည့်ပြီး သဘောတွေကျနေသည် ။

" သူဌေး ဒါကအရမ်းအရသာရှိတာပဲ … ဒါနဲ့သူဌေးရော စားဦးမလား "

" အင်း … ငါ့အတွက်နည်းနည်းယူလာပေး  "

ဧကရာဇ်မောင်ဟာ ပုံမှန်ဆို တစ်ယောက်တည်းနေကာ ပြတင်းပေါက်နားမှာရပ်ပြီး ဆေးလိပ်ဖွာနေတတ်သည် ။ ကျန်းမာရေးနဲ့မညီညွတ်ပေမဲ့ သန်မာတဲ့ယောက်ျားတစ်ယောက် ဆေးလိပ်သောက်နေလျှင်တော့ လူတိုင်းက ဆွဲဆောင်မှုရှိသည်ဟု ဆိုကြလိမ့်သည် ။

ယခုအချိန်မှာတော့ ဧကရာဇ်မောင်ဟာ အထီးကျန်စွာ ဆေးလိပ်သောက်နေတာမျိုး မပြုလုပ်တော့ပဲ ပြုံးရွှင်ကာမုန့်တွေစားရင်း ဖုန်းထဲက ကလေးလေးရဲ့ပုံရိပ်တွေကို ကြည့်နေသည် ။ သူဌေးဖြစ်သူရဲ့အပြုံးတွေကိုမြင်လိုက်ရတဲ့ အတွင်းရေးမှူးကတော့ သူ့ကိုယ်သူ အိမ်မက်မက်နေသလားဟုပင် ထင်နေတော့သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now