အပိုင်း (၁၂) :နွေး

18K 1.4K 26
                                    

{Zawgyi}

.... ႏြေး....

... နှလုံးသားဖြင့် ဘာသာပြန်ဆိုမှု...

... မောင့်၏ ကျွန်တော့်အပေါ်...
ချစ်မြတ်နိုးမှုတွေက....
တအုံနွေးနွေးဖြင့်....။

သီတင်းကျွတ်လ...။

ဝါကျွတ်သော အခါသမယမို့... တူနှစ်ဖြာ ရွှေဂဟေဆက်သည့် မဂ်လာလက်ထပ်ပွဲများက တစ်ပွဲပြီး တစ်ပွဲပင်။ ကျွန်တော်ကတော့ မဂ်လာပွဲတိုင်းလိုလို စာရေးစားပွဲ၌ ထိုင်ရသည်။ မောင်ကတော့ ကာလသားခေါင်းမို့ မဂ်လာမဏ္ဍပ်၌ အမြဲတမ်း စီစဉ်သူအဖြစ် တွေ့နေရပါသည်။ မောင်နှင့် ကျွန်တော့်၏ relationshipက အနည်းငယ် သိုသိပ်ပြီး မြတ်နိုးမှုများကိုတော့ အတိုင်းမသိ ပြခဲ့ကြပါသည်။

အခုလဲ စာရေးစားပွဲ အနားသို့ မောင်က အနည်းငယ် ရစ်သီစွာဖြင့် လာပြီး ကျွန်တော့်အခြေအနေကို လေ့လာနေဟန်ရှိသည်...။ ကျွန်တော်တို့ ယောကျာ်းလေးဘက်က ထိုင်ခုံမှာတော့ ကျွန်တော်အပါအဝင် ယောကျာ်းလေး လေးယောက်ရှိနေပြီး မိန်းကလေးဘက်မှာတော့ မိုးဖြူအပါအဝင် မိန်းကလေးတစ်ချို့....။

ကျွန်တော့်ကို မျက်မှောင်ကျုံ့ကြည့်လိုက်... ဆူပုတ်ပြီး ကြည့်လိုက်ဖြင့်ပင် ကျွန်တော့်မှာ မောင့်ပုံစံကို သဘောတကျ ရှိနေမိသည်။ ထို့နောက် မကြာခင်မှာပင် ကျွန်တော်ရှိရာသို့ ပန်းကန်ပြားတစ်ချပ်ကိုင်ကာ ရောက်လာသည်မို့...။ ထိုအရာများက ကျွန်တော့်စားပွဲရှေ့ ရောက်လာချိန်မှာတော့ မဂ်လာဆောင်မှ ကျွေးသည့် ပေါင်မုန့်သာကူစမ်းပင် ဖြစ်သည်။

မောင်က တစ်ခြားသူများဘက်ကို ထိုပေါင်မုန့်ပါသည့် မုန့်တစ်ပွဲကို ချပေးပြီး အမည်စာရင်းရေးနေသည့် ကျွန်တော့်ဘက်သို့ ပန်းကန်တစ်ချပ်ချပေးသည်။ သူက ကျွန်တော့်ကို စားဖို့ အနေအထားဖြင့် ပြလေတော့ ကျွန်တော်လည်း မစားချင်ကြောင်း ခေါင်းကို ခါရမ်းပြလိုက်မိသည်။ ထိုအချိန်မှာတော့ သူက ကျွန်တော့်အနားသို့လာပြီး တီးတိုးသံဖြင့်....။

"မောင် စားမလို့....။"

မောင့်အသံကို ကျွန်တော်က လွဲပြီး အခြားသူများ မကြားနိုင်လောက်အောင် တိုးလျလွန်းသည်။ ထို့အပြင် မဂ်လာဆောင်မှ သီချင်းသံများက ညံစီနေတာကြောင့်လည်း ဖြစ်နိုင်ပါသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now