အပိုင်း (၁၅):လူဆိုးလေး

16.8K 1.3K 9
                                    

{Zawgyi}

.... လူဆိုးလေး....

... မောင်ဟာ...လူဆိုးလေးမို့...။

ဒီနေ့ ကျောင်းပြန်တက်မည့်နေ့....။

ရွာကို နှစ်ဆန်းတစ်ရက်နေ့ကတည်းပင် သူ၏ ဂျစ်ခေါ်မှုကြောင့် ရောက်လာခဲ့ရသည်။ အခုတော့ ကျောင်းပြန်ဖွင့်ပြီဖို့ အရင်လို သူ့အနား ကပ်မနေနိုင်တော့ဘဲ တာဝန်ချိန်အပြည့် ကျောင်းကို လာနေရသည်။

ကျောင်းတက် ကျောင်းဆင်း ခေါင်းလောင်းသံနှင့်အတူ ကျွန်တော်လည်း ကျွန်တော် စစ်နေသည့် စာအုပ်တစ်ချို့ကို ရုံးခန်းထဲမှ ကျွန်တော့် စားပွဲပေါ်သို့ စီရီစွာ ထပ်လိုက်ပြီးသည်နှင့် ကျောင်းတံခါးဆီ လျှောက်ဖို့ ပြင်မိတော့သည်။ နေ့လည်စာ အတူစားဖို့ ဇွတ်အတင်း ဓားပြတိုက်ထားသည့်သူက ရှိသည်မို့....။

ဟော...
ကျောင်းဝန်းတံခါးမှ ထွက်သည်နှင့် အပြင်ဘက်နှာ ဆိုင်ကယ်တစ်စီးဖြင့် စောင့်နေသည့် အမောင်ရောင်ဖြာကို တွေ့ရလေပြီ။ ကျွန်တော်လည်း သူ့ကို ပြုံးပြလိုက်ပြီး သူ့နောက်မှ လိုက်ဖို့ ပြင်မိတော့သည်....။

ရောင်ဖြာတို့အိမ်....

"ဆရာလေး စားနော် ဘာမှအားမနာနဲ့...။ သားက ရုတ်တရက်ကြီး ခေါ်ချလာတော့ ... ဘာမှ မပြင်ဆင်လိုက်ရဘူး..."

"ရပါတယ် တီနုရယ်....။
ကျွန်တော်က အဆင်ပြေပါတယ်.....။ ဒီဟင်းတွေလဲ ကောင်းနေပြီကို....။"

"အဲ့ဒါဆိုလဲ ဆက်စားတော့နော် .... ဆရာလေး....။ ဦးတို့ နှမ်းခင်းဘက် သွားလိုက်ဦးမယ် ... မြောင်းသွယ်ထားလဲ မိုးများတယ်... ဆရာလေးရေ...."

"ဟုတ်ကဲ့ ဦးလေးကောင်း ...သွားပါ ...နှမ်းက ရေကြောက်တယ်ဆိုလား?"

"ဟုတ်တယ် ဆရာလေးရေ ... ကဲ... အေးဆေး နေပြီးမှ ပြန်... အပြင်မှာလဲ မိုးက သည်းနေသေးတယ်....."

"ဟုတ်ကဲ့ ဦးလေးကောင်း"

ဂျစ်ကန်အဖေနဲ့အမေတို့မှာ ကျွန်တော့်ကို သူ့သားဂျစ်ကန်နဲ့ ထမင်းဝိုင်းမှာ နှစ်ယောက်တည်း ချန်ထားခဲ့သည် ။ ဒေါ်လေးပြောလိုက်သည်က ထမင်းစားဖို့ ခေါ်တာတောင် ငြင်းပြီး ဆရာလေးစောင့်နေတာလို့ ပြောတော့ အနည်းငယ် ကျေနပ်မိသည်။ သူသည် ကျွန်တော့်အပေါ် အနိုင်ယူချင်သလောက် ကျွန်တော့်ကို အရမ်းချစ်မှန်းသိပါ၏ ။ကျွန်တော် ရှောင်ဖယ်နေသည့် အကြားက မရမက ဇွဲကောင်းကောင်းနဲ့ လိုက်ခဲ့သည်လေ။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now