အလွမ်းသက်သေ

10.4K 982 8
                                    

{Zawgyi🌾}

အလွမ်းသက်သေ...

၈လ ကျော်မျှ လွန်မြောက်လေသောအခါ....။

ငါ မင်းကို လွမ်းတယ် ဂျစ်ကန်လေးရဲ့
ငါ့ရင်တွေ ကွဲကြေမတတ်ပါပဲ။

အရင်လို ငါ့ကို စိတ်ဆိုးရင် စိတ်ကောက်ရင် ပြုမူနေကြ အရက်တွေရော သောက်သေးလား?
ကွမ်းရော စားသေးလား?
ဆေးလိပ်တွေရော သောက်သေးလား?

ဂရုစိုက်ပါကွာ....။
မင်းအနားမှာ ငါမရှိတော့ မင်းကို တားမည့်သူလည်းစိုးတယ် ။ ဒါပေမယ့် ငါသိပါတယ် ဂျစ်ကန်လေးရဲ့ မင်းပျော်ပျော်နေတတ်မှာကို ညဆိုရင်လည်း ညဥ့်နက်အောင် မအိပ်ဘဲ မနေနဲ့....။ မနက်အလုပ်သွားရင်လည်း မိုးမစိုစေမယ့် အကာအကွယ်တွေကို ယူသွားပါ။
မင်း ဖျားမှာကို ငါ အရမ်းကြောက်တာ....။

မြက်ရိတ်သွားရင်လည်း လည်ရှည်ဖိနပ် စီးပါ။
ပြန်လမ်းမရှိတဲ့ အရပ်ကို သွားရင်တောင် ငါ အရင်သွားမယ်နော်....။
အရင်လိုပဲ မိုးရွာထဲ ပတ်ထွက်နေပြီး ငါကြိုက်တဲ့ သရက်သီးတွေ ခူးနေတုန်းလား?
အရင်လိုပဲ စိတ်ကောက်နေသော ငါ့ကို ချော့ဖို့ ပန်းတွေ ခူးနေသေးလား?

အရင်လိုပဲ ငါ စားချင်တယ် ပြောတာနဲ့ ချက်ချင်း ဟင်းချက်ဖို့ ပြင်ဆင်နေသေးလား?

အရင်လိုပဲ ငါ့အနားကို မရမက ဂျစ်ကန်စွာ အရောက်လာဖို့ ညဥ့်နက်သန်းခေါငျထိ စောင့်နေတုန်းလား?

အရင်လိုပဲ ငါ့ကို ချစ်လို့ ကြိုးစားပြီး ရေးထားတယ် ဆိုတဲ့ ကဗျာတွေရော မှိုတက်နေပြီလား?

အရင်လိုပဲ မင်းကို မောင်လို့ ခေါ်ဖို့ တစ်စုံတစ်ယောက်ကို အတင်းအဓမ္မ အနိုင်ကျင့်တုန်းလား?

အရင်လိုပဲ ငါ့ကို နမ်းတဲ့ မောင့်နူတ်ခမ်းတွေရော ချိုသေးလား?

အရင်လိုပဲ ငါ့ကို တင်းကြပ်စွာ ပွေ့ဖက်ထားတဲ့ မင်းရင်ခွင် နွေးနေသေးလား?

အရင်လိုပဲ တစ်ဦးတစ်ယောက်တည်းအတွက် မင်းရဲ့ နှလုံးခုန်သံတွေ မြန်နေသေးလား?

အရင်လိုပဲ ကလေးတစ်ယောက်လိုပင် ဟာသကားတွေ ကြည့်သေးလား?

အရင်လိုပဲ ကလေးလို့ ခေါ်ရင် မကြိုက်သလိုနဲ့ မျက်မှောင်ကျုံပြီး နေသေးလား?

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now