အပိုင်း (၂၇) :ချစ်ခြင်းဋီကာ

14.6K 978 19
                                    

{Zawgyi🌾}

...ချစ်ခြင်းဋီကာ...

ချစ်တာပေါ့
ခင်ဗျားကို လွမ်းတိုင်း
ကဗျာတွေ ထိုင်သီနေရင်
အင်း.... နတ်သျှင်နောင်တောင် ရှုံးမလားပဲ...။

***

At 4:08 AM....

ယနေ့သည် ဂျစ်ကန်အတွက် အလုပ်အရမ်းများသောနေ့ ...။လွန်ခဲ့သည့် ၆ရက်လောက်က စပြီး လယ်ထဲမနက်လေးနာရီက ထ,သွားသည်။ ညနေမှောင်ကာနီးမှ ပြန်လာတတ်သည် ။ ပြန်လာတိုင်း ထုံးစံအတိုင်း သူ မရစ်နိုင်တော့ ကျွန်တော်နှင့်အတူ ထမင်းစား၊ ရေချိုးပြီး စကားအနည်းငယ်ပြောကာ ကျွန်တော့်ကို ရင်ခွင်ထဲ ထည့်သိပ်ပြီး အိပ်ပျော်သွားစမြဲ။

အလွန်ပင်ပန်းလို့ ထင်ပါရဲ့... ညဥ့်လယ်လောက်၌ အသက်ရူသံက ပြင်းပြင်းဖြင့်...။
မနက် အိပ်ရာကထသည့် အခါလည်း ကျွန်တော် မနိုးအောင် ဖြည်းဖြည်းထ ...ကျွန်တော့်မျက်နှာတစ်ခုလုံး စိတ်ကြိုက်နှယ်ပြီးမှ သွားစမြဲ ...။ ဟုတ်ပါတယ် ထတုန်းကတော့ နိုးမှာစိုးလို့တဲ့... သူ့အဲ့လိုကြီး မျက်နှာတစ်ခုလုံး စိတ်ကြိုက်နှယ်နေတာ မစဉ်းစားဘူးလား? အဲ့ဒါ အရှေ့အနောက် မညီဘူးလို့။

အခုမနက်လဲ ထုံးစံအတိုင်း မျက်နှာတစ်ခုလုံး အားရပါးရနမ်းနေပြန်ပြီ ... ဒီတစ်ခါတော့ မရတော့....။

"အာ ...ရောင်ဖြာရာ နမ်းရင်လဲ ဖြေးဖြေးသက်သာနမ်းပါ... မင်းဟာက အတင်းကိုပဲ...။"

"အာ ခင်ဗျားလေးက နိုးနေတာလား? Sorryပါကွာ ... မောင်က ခင်ဗျားအိပ်နေတာမြင်ရင် အူယားလို့...။ ခင်ဗျားဗျာ ဘာလို့ အဲ့လောက်ကြီး ဖြူပြီး သေးနေရတာလဲ ? တကယ်ပါပဲ လက်တွေဆိုလဲ သေးသွယ်နေတာပဲ... မောင်လက်နဲ့များ ကွာပါ့..."

"အာ အဲ့ဒါက မင်းက ယောကျာ်းပီသတာလေ... အဲ့လိုဖြစ်ချင်တာ....။ ဒါပေမယ့် ငါက မရဘူး...။"

"အောင်မယ် ... မောင့်လိုလဲ ဖြစ်လို့ မရပါဘူး။ မောင်က ခင်ဗျား ဒီပုံစံလေးကို အသေအူယားတာ"

"အ အာ ...ရောင်ဖြာရာ လုပ်ပြန်ပြီ...။ အဲ့ဒီလက်က မင်းဟိုနေ့က အတင်းဆွဲထားလို့ အဆစ်လွဲနေတာ ...အခု ပိုဆိုးလာပြီ ...။ဘာလို့ ဖျစ်လိုက်တာလဲ ? ဒီမှာသေတော့မယ်..။"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now