အပိုင်း (၂၄) :မျှော်လင့်ခြင်း

15.2K 1K 14
                                    

{Zawgyi🌾}

မျှော်လင့်ခြင်း...

.... မျှော်လင့်ခြင်းတွေသာ...
အဆုံးမသတ်ခဲ့ရင်....။

At 5:12 PM....

ကျွန်တော်တို့ အိမ်ကို ပြန်ရောက်လာပြီး နောက်မှာတော့.... ရောင်ဖြာက သူဘာပဲလုပ်လုပ် ကျွန်တော့်ကို အနားခေါ်ထားတတ်ပါသည်။ အခုလဲ ကျွန်တော့်ကို သူ့ဘေးနားရှိစေသည်။

ညနေသည် နေရီရီဆိုသည့်အတိုင်း ဆောင်းနေခြည်နွေးနွေးသည် ဖြာကျနေသည်။ ကုက္ကိုပင်ကြီးအောက် မြက်ထုံးဘေးနား ကျွန်တော့်မှာ ထိုင်နေရင်း ကလေးတစ်သိုက်နဲ့ အထူးသဖြင့် ကျွန်တော့်ရဲ့ တပည့်လေးတွေ အားလုံးပေါင်း ခြောက်ယောက်ပင်.....။

ကျွန်တော်တို့ စကားတွေ ဖောင်ဖွဲ့ပြောနေသည့် နေရာက ဂျစ်ကန် နွားစာစဉ်းနေသော နေရာ... သူက လယ်ထဲမှ ရိတ်ခဲ့သော ပြောင်းဖူးပင်ကို ဖွေးဖြေးမှန်မှန်ပင် စဉ်းနေသည်။
ကျွန်တော်ဘာလို့ ဘေးသို့ မသွားဘဲ သူ့ဘေး ထိုင်နေသည်လဲ မေးစရာရှိသည်။ ကျွန်တော့်ကို သူဘယ်သွားသွား ခေါ်လို့ရတဲ့ နေရာမှန်သမျှ ခေါ်သည်။ အခုလဲ ဘယ်မှမသွားခိုင်းဘဲ ကလေးတစ်သိုက်နဲ့ သူ့အနား နေစေသည် ...။ နားမငြီးဘူးလား မသိ....။

"ဆရာ... ဆရာက အကြာကြီးပဲနော။ မြို့ကို ပြန်တာ....။ ဒါနဲ့ မြို့မှာရော သားတို့လို ဆရာ တပည့်ရှိလား?"

"အင်း ... ရှိတာပေါ့ အများကြီး။ ဒါပေမယ့် ဆရာက နယ်ဘက်တွေမှာ တာဝန်ကျတာများတယ်။"

"အဲ့ဆို သူတို့ဆီ သွားနေလို့ မပြန်လာနိုင်တာလား? ဒီကိုလေ ကျွန်တော့်တို့ဆီကို"

"မဟုတ်ပါဘူးကွာ... ဆရာ့မှာ အခြားအကြောင်းရှိလို့ပါ...။"

"ဒါဆို သူတို့နဲ့သားတို့ဆိုရင် ဘယ်သူ့ကို ပိုလဲ ဟင်"

"အာ အတူတူပဲပေါ့....။ ဒါပေမယ့် သားတို့ကျတော့ ဆရာက ဝေးနေတော့ ပိုသတိရတာပေါ့... ဟိုက သားတို့လို မဟုတ်ဘူး။"

"ဟင် သားတို့က ဘာကွာလို့လဲ?"

"........."

သနားဖို့ ကောင်းတာပေါ့ ... နယ်မှာ တစ်ရာတန်ကို လက်ထဲဆုပ်ပြီး ဂုဏ်ယူဝံကြွားစွာ ပြုနေသလောက် မြို့က အခြေအနေသည် ကွာခြားလွန်းလှသည် ။ သြော် ပုခုံးနှစ်ဖက်က ခေါင်းပေါက်၊ လူချင်းတူတာတောင် ဘဝချင်းက ကွဲပြားလွန်းသည် ။ သူတို့အတွက် အနာဂတ်တော်တော်များများက လယ်ယာထဲမှာပဲ မြှုပ်နှံလိုက်ရသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now