အပိုင်း (၃၀): ကလေးလေး

16.2K 918 17
                                    

{Zawgyi🌾}

... ကလေးလေး....

ဟုတ်တယ်....
မောင်က ကျွန်တော့်ရဲ့ ကလေးလေး....။

****

လအနည်းငယ်ခန့်ကြာသော်....။

နယုန်လ....။

ဒီအချိန်က နွလေကျောင်း ပိတ်ပြီး ကျောင်းတစ်ဖန် ပြန်ဖွင့်သည့်အချိန်ပင်....။ ကျွန်တော်လည်း စာပြန်သင်ဖို့ကို မောင့်ဆီကို ခွင့်တောင်းနေရတာ တစ်လကျော်လောက် ရှိနေပြီ ထင်သည်။ သို့ပေမယ့် မောင်ကတော့ ဘယ်လိုမှ ပြောလို့မရ....။ နောက်တော့လည်း အတင်းချော့မော့ပြောပြီး သူလုပ်သမျှ မညည်းမညူ သည်းခံပါ့မယ်ဆိုမှ အနည်းငယ် ခွင့်ပြုပေးလိုက်သည်။

ဒါတောင် သူအိမ်မှာ ကျွန်တော်မရှိဘဲ အစမ်းနေကြည့်မယ်တဲ့....။ ပြောချင်တာက ကျွန်တော့်ကို Officially ခွင့်ပြုပေးလိုက်ခြင်းမျိုး မဟုတ်ပါ။
ဒါတောင် မနက်တုန်းက ကျွန်တော်ကိုယ်တိုင် သူ့ကို ထမင်းခွံ့ကျွေးခဲ့တာမျိုး လုပ်ရပါသေးသည်။ နောက်ဆုံးတော့ မိမိနှစ်သက်သည့် Uniformလေးက ခေါက်ရိုးကျိုးမှုအပြည့်အစုံဖြင့် မိမိကိုယ်ပေါ်သို့ ပြန်လည်ရောက်လာလေပြီ။

နောက်ထပ် ဝတ်ခွင့်မရတော့ဘူး ထင်သည့် ဒီUniformလေးက အခုချိန်မှာတော့ ပြန်လည် အသက်ဝင်လာပြီ ဖြစ်သည်။ အိတ်ကပ်တစ်ဖက်၌ ထည့်ထားသည့် ဘောပင်လေးကို ကြည့်လိုက်ပြီး ပြုံးကာ ကျောင်းတံခါးဝမှ ကျောင်းထဲသို့....။

ကျွန်တော်နှင့်အတော်လေး ကင်းကွာသွားသလို ခံစားရသည့် ကျောင်းပုရဝဏ်ကတော့ သဘာဝအတိုင်း မိုးရိပ်အောက်မှာ မှိုင်းထနေသည်။ အလံတိုင်ကို ဦးတည်ထားသည့် လမ်းတစ်လျှောက်က နံဘေးတစ်ချက်စီ၌ ယူကလစ်ပင်များက ရှည်မျောစွာဖြင့် ယိမ်းထိုးနေသည်။

ကျွန်တော်လည်း ကျောင်းဝင်းအလယ်၌ ရှိနေသည့် အလံတိုင်၌ အလံငယ် လူးလွန့်နေတာကို ကြည့်ပြီး သဘောကျ ပြုံးလိုက်မိသည်။ ကျောင်းခန်းအတွင်း၌ Uniformများဖြင့် ထိုင်နေသည့် ကလေးငယ်များကို မြင်မိချိန်မှာတော့ ကျွန်တော့်ပီတိတို့ ထိန်းချုပ်လို့ မရတော့ပါ။

အစိုးရ အလုပ်အကိုင်ထဲ၌ ဒီတစ်ခုကိုပဲ စိတ်အားထက်သန်တာမို့ ကျောင်းဆင်းပြီးသည်နှင့် ကိုယ့်ကိုကိုယ် ဆရာတစ်ယောက်ဆိုသည့် ရပ်ဝန်းထဲ ခြေကုန်ပစ်ဝင်လိုက်မိသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now