အပိုင်း(၁):ထာဝရ

154K 7K 215
                                    

{Zawgyi🌾}

ထာဝရ....

သို့....။

ဂျစ်ကန်လေးရေ
မင်းငါ့ကို သိပ်ချစ်ရင်
အရမ်းမရစ်ပါနဲ့လား?
ငါ မြတ်နိုးရလွန်း လို့ပါ~~~။

****

၁၃၈၁ခုနှစ် နယုန်...။

-6-2019....။

At 8:03 AM...

"မသွားလို့ မရဘူးလား?"

ထိုအသံကြားစဉ်မှာတော့ ရေချိုးအပြီး အကျီ်လဲဖယ်ရင်းပင် ပြန်ပြောမိပါသည်။

"မရဘူး အရေးကြီးတယ် ..... လေးတန်းက အစိုးရစစ်လေ....။ ပြီးတော့ နယ်လေးဆိုတော့ ကျူရှင်ယူဖို့က အရမ်းအဆင်မပြေဘူး ....။ အဲ့ဒါကြောင့် ကိုယ်ပဲ တာဝန်ယူပြီး အချိန်ပိုသင်ပေးရမှာ.... တစ်နေ့လုံး မဟုတ်ပါဘူးကွာ မနက်တစ်ပိုင်းတင်..."

"ဟာ... ကျောင်းဖွင့်တာတောင် ရက်ပိုင်းပဲ ရှိသေးတာ...။  ခင်ဗျားနော် ကျွန်တော်မသိဘဲ ခြေရှုပ်မယ် မကြံနဲ့ နှစ်ယောက်စလုံး အခေါင်းထဲ
ရောက်သွားမယ်...။"

သူ့ထံမှ စကားကြောင့်ပင်...အကျီ်နောက်ဆုံးကြယ်သီး တပ်နေသော မိမိလက်မှာ တုန်ရီသွားရပါ၏ ။ သူ့ထံသို့ တစ်ချက် ရှုတည်လိုက်ပြီး ....

"ဘယ်လိုဖြစ်နေတာလဲ?...ငါ့ကို မယုံတော့ဘူးလား?... ရောင်ဖြာ"

ထိုအချိန်မှာတော့ သူက တစ်စုံတစ်ခုကို အလိုမကျစွာပင် ခေါင်းကိုခါရမ်းပြီး ကျွတ်တစ်ချက်သပ်ကာ.... ။

"ကျစ်! ကျွန်တော့်ကို ဘယ်လိုခေါ်ဖို့ ပြောထားလဲ?... သေချာနေပါပြီ.... ခင်ဗျား နောက်တစ်ယောက် တွေ့နေပြီမို့လား?"

"ရောင်ဖြာ"

"ခင်ဗျား!"

စူးရဲသော မျက်ဝန်းများနှင့်အတူ ကျွန်တော့်ထံ ရှုတည်လာသော မိမိထက်ခြောက်နှစ်ငယ်သော အသက် သက်လျာသည် ဒေါသမာန် အပြည့်
နဲ့ပါလေ...။ ထိုအကြည့်တို့မှာ ကြည့်ဖူးနေကျမို့ မစိမ်းသော်ငြား အခုတစ်ခါက ပိုဆိုးသည်။ မထင်ရင် မထင်သလို ရွဲ့ဖို့ ဆန္ဒအပြည့်ရှိပုံပေါ်ပါသည်။ သူနှင့်ပတ်သတ်လာလျှင် အမြဲတမ်း မိမိ အရှုံးပေးရစမြဲပင်။ အဂျစ်ဆုံး၊ အရစ်ဆုံးသော ကျွန်တော်ရဲ့သူ~~။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now