တမ်းခြင်း

8.1K 555 9
                                    

{Zawgyi🌾}


... တမ်းခြင်း....

သို့......။

ကျွန်တော့်နှလုံးသားလေး......

မောင်တို့ ချစ်သက်တမ်း ကြာခဲ့ပြီနော် ....။
အမြဲတမ်း ရစ်လိုက်ချစ်လိုက်နဲ့ တစ်မျိုးတစ်မည်တွေလဲ ဖြစ်ခဲ့ပါရဲ့...

ခင်ဗျားနှင့်ကျွန်တော် စတွေ့ခဲ့တဲ့ ဘုရားရင်ပြင်တော်ပေါ်မှာလည်း အခုဆို ကျွန်တော်တို့ နှစ်ယောက် ကမ္ဗည်းတိုင်တွေနဲ့အတူ တံခွန် ကုက္ကားတွေလဲ ဖွေးဖွေးဖြူလို့ပေါ့.....။ တကယ်တော့ မောင်က ခင်ဗျားကို အရင်တွေ့ခဲ့တာပါ... ။

ခင်ဗျားကို သိမ်းပိုက်ခဲ့တဲ့ တဲငယ်လေးကလဲ ယိုင်နဲ့နဲ့...။
ခင်ဗျားကို ခူးပေးခဲ့တဲ့ ကြာပန်းတွေကတော့ မိုးရာသီကို ငဲ့လင့်နေတယ်ဗျ......။

ခင်ဗျားကြိုက်တတ်လွန်းလို့ ... ကျွန်တော်ကိုယ်တိုင် ထွက်ရှာခဲ့တဲ့ မှိုတွေကတော့ အခုဆို ကိုယ်ကိုတိုင် ပျိုးလို့ ခင်ဗျားကို စိတ်ကြိုက်ကျွေးချင်လို့......။

ခင်ဗျားကို ပြတ်ရှစေခဲ့တဲ့ တံဇဉ်တွေ မှန်သမျှ ဝေးဝေးထားလို့.....။
တစ်နှစ်ထက် တစ်နှစ် ရင့်ကျက်လာတဲ့
ခင်ဗျားကို ငေးပြီး ပြုံးနေရတာ ပျော်တယ်...။

ခင်ဗျား အရမ်းကြိုက်တဲ့ လယ်ဂဏန်းတွေ မိုးရာသီမှာ ကောက်ဖို့ ပလိုင်းတွေ ရက်လို့......။

ခင်ဗျားအရမ်းသဘောကျတဲ့ ပိုးစုန်းကြူးလေးတွေကို လောကကြီးအတွက် မတရားနေပါစေ ခင်ဗျားတစ်ယောက်တည်း အတွက် လင်းစေချင်လို့ လက်ဖဝါးလေးထဲ ထည့်လို့ ......။

နေပူရင် မျက်နှာတစ်ခုလုံး နီရဲပြီး ပင်ပန်းနေတဲ့ ခင်ဗျားကို ဒေါသထွက်အောင် လိုက် စပြီး မောင်အရိုက်ခံချင်ပါရဲ့.....။

တစ်ခါတစ်လေလည်း မချစ်တာလဲ မဟုတ် ချစ်လွန်းလို့ သဝန်တိုမှုတွေကြားထဲ ကျွန်တော်ပေးခဲ့တဲ့ markingတွေက ခင်ဗျား လည်တိုင်မှာ စွဲမြဲလို့......။

လောကဓံ ရိုက်ချက်တွေလဲ စိတ်မပူနဲ့နော်....။ မောင်ရှိပါတယ်....။
မောင်ကလေ မောင်ကိုယ်တိုင် ခင်ဗျားကို ချစ်လို့ ထိခိုက်စေမယ်....။
ဒါပေမယ့် အခြားအရာတွေအတွက် ဥပမာ ကံဆိုရင်တောင် ယတြာချေပြီး ပြောင်းလဲပစ်မှာ......။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now