အပိုင်း (၂၉) :တပ်မက်ခြင်း ၂

15.8K 924 12
                                    

{Zawgyi🌾}

... တပ်မက်ခြင်း-၂...

ချစ်တယ်
ရူးမတတ်မို့ ကျွန်တော့်ရဲ့ အပြုအမူတစ်ချို့က
ကြမ်းရင့်ခြင်း ပါဝင်ခဲ့ရင်တောင်
မြတ်နိုးလို့ပါ။

ခင်ဗျားကို အရမ်းချစ်တယ်...။
ဘယ်လိုပြောရမလဲ?
ခင်ဗျား ကျွန်တော့်ကြောင့်
စိတ်မကောင်းဖြစ်သွားတာတို့...
နာကျင်သွားတာတို့ အရမ်းမုန်းတာ။

***

At 5:09 AM....

မနက်ခင်းတစ်ခု....

ကျွန်တော့်အတွက် နှစ်လိုခြင်း အပြည့်နဲ့နိုးထခဲ့သည့် နံနက်ခင်း ရင်ခွင်ထဲက ဖြူဖြူ သေးသေးအရာကို ထွေးဖက်ပြီး တစ်ညလုံး ကုန်ဆုံးခဲ့တဲ့အဖြစ် ....။ ကျွန်တော် လူမမာက အဖျားသက်သာသွားသော်ငြား သူက ကိုယ်ငွေ့နည်းနည်းနဲ့ ဖျားလာတော့မည် ထင်သည်။

"... ရောင်ဖြာ"

ကျွန်တော့်ရင်ခွင်ထဲမှာဝင် ကျွန်တော့်လည်တိုင်ကို တွဲခိုပြီး အိပ်ပျော်နေဆဲ ....။ ယောင်နေသော နူတ်ခမ်းသား အထူးသဖြင့် ညကအနမ်းတို့ လွန်ကြူးထားခဲ့တာကြောင့် ရဲသွေးထွေးနေသည်။ ယောင်ရမ်းတမ်းတ လိုက်သည်က ရောင်ဖြာတဲ့လား? နူတ်ခမ်းသား ရဲရဲတို့က တထော်ထော်နဲ့ အင်း အကြည့်လွှဲရပါမည် ။

နဖူးပြင်သို့ တစ်ချက်နမ်းပြီး ရင်ခွင်ထဲသို့ ပြန်လည်ဆွဲသွင်းလိုက်သည်။ သူ့ထွက်သက် ဝင်သက်များက ကျွန်တော့်လည်တိုင်သို့ ထိခတ်နေသည်။

"အင့်..."

အတင်းအကြပ်မည်သော ခွန်အားတစ်ချို့ကြောင့် ရင်ခွင်ထဲက နှလုံးသားဆီမှ အသံသဲ့သဲ။

"အင်း~~ ရောင်ဖြာ လွှတ်တော့...။ အဖေတို့ ပြန်လာတော့မယ် ထမင်းချက်ရဦးမှာ...။"

"မထပါနဲ့... ကျွန်တော် ချက်ပါ့မယ်...။ ခင်ဗျားလေးက ဒီအတိုင်း အိပ်နေနော်...။"

"... ရတယ် ငါ အဆင်ပြေပါတယ်... ထရအောင်နော်"

"မထပါနဲ့ဆိုဗျာ...။ ညက ခင်ဗျား အရမ်း သေမတတ် ...ပင်ပန်းထားတာကို မထပါနဲ့နော်....။ ကျွန်တော် စိုးရိမ်လို့ပါ...။ ခင်ဗျား ကျွန်တော့် ဘဝထဲကနေ ပျောက်ကွယ်သွားလို့ မဖြစ်ဘူး....။ အတ္တကြီးတာ မဟုတ်ဘူး... ခင်ဗျားကိုလေ အရမ်းချစ်လို့...။"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now