အပိုင်း (၂၁) : ပြန်လည်ဆုံတွေ့ခြင်း

14.8K 1.1K 30
                                    

{Zawgyi🌾}

ပြန်လည် ဆုံတွေ့ခြင်း....

တပို့တွဲ လပြည့်ကျော် ၁၀ရက်....

4/3/2020....

At 5:07PM----

မိုးဥတုသည် လွန်မြောက်ခဲ့လေပြီ။ တောဝန်းကျင်တစ်ခုလုံး မြကမ္ဗလာခင်းကျင်းနေလေပြီ ။ မိုးတဖြောက်ဖြောက်ရာသီဥတုမှ နှင်းရောင်စိုစိုသည် အစားထိုးလာသည်။ မြောက်လေပွေတို့ ညာသံပေးပြီး ရောက်လာခဲ့သော ဆောင်းရာသီသည် ပိုပြီးအေးခဲအထီးကျန်ဆန်လာသည်။ နှင်းတဖွဲဖွဲဖြင့် ဆောင်းညနေခင်းလေးသည် ကြည်နူးဆွတ်ပျံမှုအပြည့်။ အသူရာနေမင်း သည် စောစီးစွာ အိပ်တန်းတက်လေပြီ။ ချစ်ရသော နယ်လေးကို အဝေးကနေ မျှော်ကြည့်ပြီး ငေးနေမိသည်။

"၈လလောက်တောင် ရှိနေပြီနော်.... မင်းလည်း မနက်ဖြန် လက်ထပ်တော့မယ် ...။ ငါလည်း ငါ့ဘဝကို ငြိမ်းချမ်းစွာ အနားယူဖို့ ပြင်ဆင်ပြီးပြီ။ ငါလေ.... ဒီဘဝက မင်းအပေါ် တင်ကျန်နေတဲ့ အကြွေးတွေကို နောက်ဘဝမှပဲ"

"ငါ မင်းကို အရမ်းလွမ်းတယ် ....ဂျစ်ကန်လေးရဲ့..."

ဝတ်ထားသော ဆွယ်တာမိုးပြာရောင်လေးသည် နှင်းရည်များကြောင့် အနည်းငယ်ပင် စိုထိုင်းနေလေပြီ။
မဟူရာရောင် ကောင်းကင်ထက် ကြယ်မှုန်ကြယ်မွှားလေးများသည် တဖိတ်ဖိတ် တလက်လက်နဲ့ပင်။

မောင် ရှိနေသည့် ရွာငယ်လေးဆီသို့ လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ မောင်ပြောသည့်အတိုင်း ရွာထဲကို ခြေရာမချမိပေမယ့် အခုတော့ဖြင့် နောက်ဆုံးအနေနဲ့ပဲ ဖြစ်ဖြစ်.... ထိုရွာလေးမှာ မောင်ရှိနေသည်ဆိုသည့်အသိဖြင့်.....။

7:00PM....

"သမီး ... သမီးတစ်ယောက်တည်းလား? သမီးယောကျာ်း ဆရာလေး သဝဏ်လွှာရော ဒီကိုပါလာလား? တစ်ခါတည်း ကန်တော့အုပ် တင်ဖို့ လုပ်ဖို့လား?"

ကျောင်းသူတစ်ယောက်ဟူသော အသွင်အပြင် အပြည့်နဲ့ လန်းဆန်းတက်ကြွမှုအပြည့်သော်ငြား အရင်နှင့်မတူ အနည်းငယ် အသက်အရွယ်အရ ရင့်ကျက်လာပြီး တည်ငြိမ်နေပြီ ဖြစ်သည်။

"အမေ... သမီးအရင် ကန်တော့ပါရစေ ။ ပြီးတော့ သမီးကို ခွင့်လွှတ်ဖို့ တောင်းဆိုပါရစေ....။ သွား... မောင်လေး အစ်ကိုရောင်ဖြာကို ဒီခေါ်လာခဲ့...။ အစ်မပြောစရာရှိတယ်...။"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now