အပိုင်း (၃၅) : နှလုံးသား

10.5K 718 13
                                    

{Zawgyi🌾}

... နှလုံးသား...

ခင်ဗျားလေးနဲ့ပတ်သတ်ရင်
ကျွန်တော်ဆိုတာမျိုးက...
အများကို ကျော်ပြီးရွေးချယ်ခဲ့တယ်...။
အဲ့ကတည်းက...
ကျွန်တော်မှာ ရွေးချယ်စရာ မရှိခဲ့လို့ မဟုတ်ဘူး။
ခင်ဗျားတစ်ယောက်ကလေ
ကျွန်တော့်ရဲ့ဆိတ်ကွယ်တိမ်မြှုပ်နေသော
အရာများစွာကိုပါ လှုပ်ခါနိုင်ခဲ့လို့...။

*******

At 7:40 AM......

တပို့တွဲ...

"မသွားလို့ မရဘူးလားဟင်? ပြီးတော့... ခင်ဗျားမရှိရင် ကျွန်တော်က နေတတ်တာ မဟုတ်ဘူး...။ မရဘူးလားဗျာ? ဒါမှမဟုတ် နေမကောင်းလို့ဆိုပြီး မလိုက်နဲ့တော့နော်"

အဝတ်အစားတစ်ချို့နှင့်အတူ ကလေးများနှင့် ဘုရားဖူးသွားဖို့ ပြင်ဆင်နေသော ကျွန်တော့်အနားသို့...။ လုပ်ပြန်ပြီ ကလေးတစ်ယောက်လိုပင် ဂျစ်လေပြန်ပြီ ....။ ကျွန်တော်ကတော့ သူ့အကြောင်းသိသည်မို့ ကျောင်းအုပ်ကြီးပြောပြီး မလိုက်ဖို့ စီစဉ်ပြန်သော်ငြား ကျောင်းသားလေးများက ကျွန်တော်မှကျွန်တော် နောက်ဆုံးတော့လဲ မထူးသည်မို့ ဘုရားဖူးသွားဖို့ပဲ ပြင်ဆင်ရသည်......။

"မသွားလို့ မရဘူးလေ... ရောင်ဖြာရယ် ...။ ဒါက ဆရာမကြီးကိုယ်တိုင်ထက် ကလေးတွေကကို ငါ့ကို ခေါ်ထားတာ အခုတစ်ခါတော့ သွားပါရစေနော်..."

ထိုအခါမှ ကျွန်တော့်နောက်ဘက်မှ ခါးကိုသိုင်းဖက်လာမှုနှင့်အတူ စိတ်အလိုမကျသော စကားသံတို့ ထွက်ပေါ်လာသည် သေချာသည်။ အခုနေများ သူ့ကို လှည့်ကြည့်မိရင်တော့ အသက်အရွယ်နဲ့မလိုက် နူတ်ခမ်းက စူထော်နေဦးမည်....။

"တစ်ခါ တစ်ခါနဲ့ ဘယ်နှစ်ခါရှိနေပြီလဲ? အမြဲတမ်း ကျွန်တော့်ကို အငယ်ဆိုပြီး အရမ်းအနိုင်ကျင့်တာ...။ တကယ်ပဲ ကျွန်တော်က ခင်ဗျားအတွက် အရမ်းကို ကိုင်တွယ်ရလွယ်နေလား?"

သူ့အပြောကြောင့် အပြုံးနဲ့ပင်... ဒုက္ခပါပဲ သူ့လိုလူက ကိုင်တွယ်ရ လွယ်တာတဲ့လား? မထင်ရင်မထင်သလို ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးကလေ ...။

"နေပါဦး... ကိုင်တွယ်ရ လွယ်တယ်ဟုတ်လား? ချိန်ကိုက်ဗုံးကြီးကိုလေ... မထင်ရင် မထင်သလို ပေါက်ကွဲတော့မယ့် waningသံတွေနဲ့ ...။.းငါလေ မင်းကို ထိန်းရမယ့်အစား ကျားအမြီးသာ ပြေးဆွဲလိုက်ချင်တယ်..."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now