အပိုင်း (၂၂) :မြတ်နိူးမှု

15.7K 1.1K 10
                                    

{Zawgyi🌾}

...ျမတ္နိူးမႈ...

ဒီလူသားကို
အရမ်းချစ်တာပေါ့။
ကျွန်တော့်ရင်ဘတ်တွေ
ကွဲကြေသွားတဲ့အထိ....။

****

ယခင်အပိုင်းမှအဆက်....

"ငါ့ကို လွှတ်ပါဦး... ရောင်ဖြာရယ်"

ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖြင့် တစ်နာရီခန့်တော့ရှိပြီါ လုံးဝလျော့သွားခြင်း မရှိခဲ့.... ကြာတော့လည်း သူရင်ခွင်ထဲ ကလေးတစ်ယောက်လို နေရတာ ပိုပြီးမွန်းကြပ်လာသည်။ လူတစ်ကိုယ်လုံးကို သူ့ပုဆိုးပေါ် ပွေ့ချီတင်ပြီး ကလေးတစ်ယောက်လို တင်းကြပ်စွာပင် ပွေ့ဖက်နေတာကြောင့်။

"သြော်... အင်း မောလို့လား? တောင်းပန်ပါတယ်နော် ခဏလေး..."

ရင်ခွင်ထဲမှာ ထုတ်ဖယ်ပြီး သူ့လက်ဖြင့် ခါးမှ အတင်းကြပ်ဆုံး ရစ်သိုင်းမှုပြုသည်.... လွတ်ထွတ်မှာ စိုးသည့်အလား? ထို့နောက် ကျွန်တော်ထိုင်ဖို့ ကျွန်တော့်အောက်သို့ သူ့လက်ဖဝါးကို ဖိခံတော့မည့်ဟန်ဖြင့်....။ နောက်ပြီး ကျွန်တော့်ကို ကြည့်လိုက် မျက်ရည်ကျလိုက်ဖြင့်ပင်.....။

"ရောင်ဖြာ"

"ဗျာ"

"ငါ့ဆီကို မလာသင့်တော့ဘူးလေ...။"

"ဘာဖြစ်လို့လဲ?"

"မင်း ... လက်ထပ်တော့မယ် မဟုတ်ဘူးလား?"

ကျွန်တော့်ကိုသာ ငေးရှုပြီး နောက်ထပ်ဘာစကားမျှ မဆိုတော့ တဖြည်းဖြည်းငေးကြည့်နေရင်းမှ မျက်ရည်များစွာနဲ့ သူ့မျက်ဝန်းတို့သည် ကျွန်တော်ကို အံသြမှုအပြည့်ဖြစ်စေသည်။ မျက်ရည်များကို ကျွန်တော်မြင်မှာစိုးပြီး အကြမ်းပတမ်း သုတ်ဖယ်နေသည်မို့ သူ့မျက်နှာတစ်ခုလုံးက နီရဲနေသည်။ မျက်ရည်များကို သုတ်ဖယ်နေသော သူ့လက်ကို ဖယ်ထုတ်လိုက်ပြီး သူ မလိုလားသော မျက်ရည်တို့ကို ကျွန်တော် ခပ်ဖွဖွသုတ်ပေးမိသည်။

"ကြည့်ပါဦး... ကလေးလားကလြို့ ....။ ကလေးလို့ ခေါ်ရင်လဲ မကြိုက်ဘူး မငိုနဲ့လေ... ငိုစရာမဟုတ်တာ...။"

သူက မျက်ရည်သုတ်ဖယ်နေသော ကျွန်တော့်လက်ကို ကိုင်ပြီး ဖွဖွ နမ်းရှိုက်နေသည်။ နမ်းနေစဉ်အတွင်း နှာခေါင်းကတရှုံရှုံ့နဲ့ပင်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now