Chapter - 44

3.8K 342 73
                                    

Unicode
~~~~~~~~

နောက်တစ်နေ့ ၈ နာရီခွဲအချိန်၌ ဧကရာဇ်မောင်တစ်ယောက် ပေါ့ပါးသည့်သာမာန်ဝတ်ဆုံတစ်စုံဝတ်ကာ လက်ကငွေရောင်လက်စွတ်ကွင်းလေးကလွဲ၍ ခန္ဓာကိုယ်က တန်ဖိုးကြီးပစ္စည်မှန်သမျှ ချွတ်ထားခဲ့ပြီး အနက်ရောင်ဦးထုတ်တစ်လုံးဆောင်း၍ထွက်လာသည် ။

အိမ်တော်အောက်ထပ်တွင်တော့ အတွင်းရေးမှူး သက်မောင်က အရေးကြီးစာရွက်စာတန်းတွေထည့်ထားတဲ့ဖိုင်တစ်ခုကို ကိုင်ဆောင်လျှက် စောင့်နေသည် ။ ဘာမှပြင်ဆင်မထားပဲ ထွက်လာတဲ့ ဧကရာဇ်မောင်ကိုလဲမြင်ရော သက်မောင်က အံ့ဩတကြီးဖြင့် မေးလိုက်သည် ။

" သူဌေး … ဘာကြောင့်ဒီပုံစံနဲ့ထွက်လာတာလဲ … အစည်းအဝေးပွဲတက်ရောက်ဖို့ နာရီဝက်ပဲလိုတော့တယ် "

ထိုအခါမှ ဧကရာဇ်မောင် ဒီနေ့ရဲ့ရက်စွဲကိုကြည့်လိုက်ပြီး စာချုပ်ချုပ်ဖို့ကိစ္စရှိနေတာကို သတိရသွားသည် ။ ဒါပေမဲ့ ၉ နာရီမှာ ကလေးကျောင်းမှာ သားလေးနဲ့မုဒြာကိုတွေ့ခွင့်ရမှာမို့ သူ့အာရုံထဲမှာ ကျန်တာဘာမှမရှိနေတော့ပေ ။

" သက်မောင် …  အဲ့ပရော့ဂျက်ကို မင်းပဲဦးဆောင်လိုက် "

" ဒါပေမဲ့ … ဒါကနိုင်ငံခြားဧည့်သည်တွေကိုယ်တိုင်လာရောက်ပြီး ရင်းနီးမြှုပ်နှံမှုစာချုပ်ချုပ်မှာမို့ သူဌေးကိုယ်တိုင်သွားမှရမှာ "

အရင်က အလုပ်ကိစ္စကလွဲပြီး ဘာကိုမှစိတ်မဝင်စားတဲ့ ဧကရာဇ်မောင်က ခုတော့ အလွန်အရေးကြီးတဲ့ပရောဂျက်ကို နည်းနည်းလေးမှပင် ဂရုမစိုက်တော့ပေ ။

" ငါမအားဘူး … ငါ့မှာစီးပွားရေးထက်အရေးကြီးတဲ့အလုပ်ရှိတယ် … အဲ့မြေကွက်တွေကိုငါမရလဲ ထူပြီးအခွင့်အရေးဆုံးရှုံးတာမှမဟုတ်တာ … သူတို့ဘက်ကငါမလာလို့ ကမ်းလှမ်းမှုကို ပြန်ရုတ်သိမ်းမယ်ဆိုလဲလက်ခံလိုက် … ငါအတွက်အရေးမကြီးဘူး "

" ဒါပေမဲ့ … "

သက်မောင်ရဲ့စကားကို နားမတောင်တော့ပဲ ဧကရာဇ်မောင်ဟာ နာရီကိုကြည့်ပြီး ရေးကြီးသုတ်ပြာနှင့်ထွက်သွားလေတော့သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now