Chapter - 45

3.4K 341 40
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင်တစ်ယောက် သန့်ရှင်းရေးလုပ်ပြီးသွားချိန်မှာ တစ်ဖက်အခန်းတွင်မုဒြာလဲ ကလေးလေးတွေအားလုံး သင်ကြားမှုအပေါ်  စိတ်ပါဝင်စားအောင် ထိန်းနိုင်လိုက်လေပြီ ။

ကုကုလေးက ရှေ့ဆုံးခုံမှာထိုင်နေပြီး ဂျုံမှုန့်တွေကို ရေလောင်းကာလက်ဖြင့်နယ်နေရသည့်အပေါ် အလွန်ပျော်ရွှင်ကာ မုဒြာသင်ပြသည့်အတိုင်း လုပ်ဆောင်နေသည် ။

ကျန်ကလေးငယ်လေးများကလဲ အချင်းချင်းဖေးမကူညီရင်း ဂျုံလုံးလေးဖြစ်သည်ထိ ပြုလုပ်နေကြသည် ။

" ဦးဦး … ဒီနေ့ဘာကိုအရင်သင်မှာလဲဟင် "

မုဒြာက လက်နုနုလေးနဲ့ ဂျုံတွေကို ကျွမ်းကျင်စွာနယ်နေရင်း ကလေးမလေးတစ်​ယောက်ရဲ့အမေးကိုကြားတော့ ပြုံးကာ ပြန်ဖြေလိုက်သည် ။

" ဒီနေ့ ပေါင်မုန့်ဖုတ်နည်းကို အရင်သင်ပေးမယ် "

" ဘာပေါင်မုန့်လဲဟင် "

" ပေါင်မုန့်က အမျိုးမျိုးရှိတယ် … ဒီနေ့ပေါင်မုန့်ကို အရုပ်လေးတွေပုံပေါ်အောင်ဖော်ကြမယ် … ပြီးရင် အပေါ်ကနေ ခရင်မ်နဲ့ အလှဆင်မယ်  "

" အဲ့ဒါက ခက်လားဟင် … သမီးရဲ့ဂျုံလုံးက အဆင်မပြေဘူး ဦးဦး "

မုဒြာက သတ္တိရှိရှိမေးမြန်းလာတဲ့ ၅ နှစ်အရွယ်ကလေးမလေးရဲ့စားပွဲရှေ့က ဂျုံနယ်သည့်ခွက်ကိုကြည့်လိုက်တော့ ဂျုံမှုန့်တွေက လုံးမနေသေးပေ ။ သူကလိုအပ်ချက်ကို ပြောပြလိုက်သည် ။

" ခုသမီးရဲ့ဂျုံလုံးက ရေနည်းနေတယ် … ရေကိုဇွန်းနဲ့ ၂ ဇွန်းလောက်ထည့်ပြီး လုံးသွားအောင်နယ်လိုက် "

ကလေးမလေးက မုဒြာသင်ပြသည့်အတိုင်း လုပ်ဆောင်လိုက်တော့ အဆင်ပြေသွားသည် ။ ကျန်တဲ့ကလေးငယ်လေးတွေကလဲ သူတို့အဆင်မပြေတာတွေကို မုဒြာပြောပြသည့်အတိုင်းနည်းယူပြီးပြုလုပ်ချိန်မှာ အားလုံးမုန့်လုပ်ရန်အဆင်သင့်ဖြစ်သွားကြသည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now