Chapter - 46

2.9K 321 50
                                    

Unicode
~~~~~~~~

ဒီရက်ပိုင်းအတွင်း ဧကရာဇ်မောင်တစ်ယောက် ကုမ္ပဏီနဲ့ပတ်သပ်တဲ့ အလုပ်ကိစ္စတွေအားလုံးကို ယုံကြည်ရတဲ့လက်ထောက်ဖြစ်သူ သက်မောင်ထံလွှဲပေးထာပြီး သူကိုယ်တိုင်က မုန့်လုပ်နည်းလေ့ကျင့်နေသည် ။

အပြင်ထွက်သွားပြီး ပြန်လာတိုင်း မီးဖိုချောင်ထဲဝင်သွားကာ တစ်ကြိမ်တစ်ခါမှမလုပ်ဖူးသည့်အလုပ်တွေကို လုပ်ဆောင်နေတော့သည် ။ အိမ်အကူများကပင် သခင်ဖြစ်သူ ထူးထူးဆန်းဆန်းပြုမူနေ၍ ဝင်မကူညီရဲကြပဲ ဘေးကနေကြည့်နေကြရသည် ။

မုန့်ဖုတ်သည့်စက်နှင့် မုန့်လုပ်ရာတွင်လိုအပ်သည့် ပစ္စည်းတွေအစုံနေရာချထား၍ မီးဖိုချောင်က မုန့်လုပ်သည့်အခန်းနှင့်ပင် တူနေသည် ။ ဘော်ဒီဂတ်ဖြစ်သူကလဲ ဧကရာဇ်မောင်အနားမှာနေပြီး သူခိုင်းသမျှကို လုပ်ဆောင်ပေးနေရသည် ။

မီးဖိုချောင်ထဲမှာ တစ်ယောက်ထည်း ဂျုံမှုန့်တွေနဲ့ အလုပ်ရှုတ်နေတဲ့ သခင်ဖြစ်သူကိုကြည့်ပြီး ဦးလေးမြတ်နဲ့ အတွင်းရေးမှူးသက်မောင်တို့လဲ စွံ့အနေကြသည် ။

သခင်ကြီးကိုဒီလိုမျိုး မုန့်တွေလုပ်ချင်လာအောင် သွေးဆောင်နိုင်သည့်လူက သခင်ခုတလောအမြဲမုန့်တွေဝယ်လာတတ်သည့် မုန့်ဆိုင်ကဆိုင်ရှင်သာဖြစ်လိမ့်မည်ဟု တွေးထင်လိုက်သည် ။

" ဟေး ဘော်ဒီဂတ် … သခင်ပြောတဲ့အရေးကြီးတဲ့အလုပ်က ဒါလား "

လင်းထက်က မုန့်ဖုတ်သည့်စက်နားမှာ ရပ်နေရာကနေ သူ့အားမေးလာတဲ့သက်မောင်ထံ လျှောက်လာပြီး ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်သည် ။

" ဒါပေါ့ဗျ … သခင်ကြီးက ခုချိန်ကနေစပြီး မုန့်လုပ်နည်းသင်ယူတော့မှာ "

" ဒါပေမဲ့ ရှယ်ယာဝင်တွေနဲ့ ဆွေးနွေးရမဲ့ကိစ္စက ပိုအရေးကြီးတယ်လေ … အဲ့ဒါကမှ အမြတ်သန်းချီရမှာ … ဒါကဘယ်လောက်မြတ်မှာမလို့လဲ "

" ခများဘာသိလို့လဲ … ဒါကအမြတ်ရဖို့မဟုတ်ဘူး … အသိအမှတ်ပြုခံရဖို့သင်ယူနေတာ "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now